အမျိုးသမီး ဘွဲ့ရစစ်ဗိုလ်သင်တန်း ပထမဆုံး ခေါ်ယူ

မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအဖြစ် ဘွဲ့ရအမျိုးသမီးတွေကို စစ်အရာရှိ ဗိုလ်လောင်းသင်တန်း OTS တက်ရောက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လျှောက်လွှာခေါ်ယူလိုက် ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအဖြစ် ဘွဲ့ရအမျိုးသမီးတွေကို စစ်အရာရှိဗိုလ်လောင်းသင်တန်း OTS တက်ရောက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လျှောက်လွှာခေါ်ယူလိုက်ပါတယ်။

ဒီကနေ့ထုတ်ဝေတဲ့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ သင်တန်းတက်လိုတဲ့ အမျိုးသမီးတွေဟာ ဘွဲ့ရပြီး အသက် ၂၅ နှစ်ကနေ ၃၀ အတွင်းဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။.

သင်တန်းအောင်မြင်ပြီးရင် ရှေ့တန်းမှာ တိုက်ခိုက်ရေးတာဝန်ပေးမှာမဟုတ်ပေမဲ့  ဒုဗိုလ်အဆင့်နဲ့ စပြီးတာဝန်ထမ်းဆောင်ရမှာဖြစ်သလို၊ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့ရသူတွေဖြစ်ပါက ဗိုလ်အဆင့်နဲ့စပြီး တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်မှာ အရင်က အခုလိုဘွဲ့ရအမျိုးသမီး အရာရှိဗိုလ်လောင်းသင်တန်းတွေ ခေါ်ယူတာမရှိခဲ့ဘဲ စစ်သူနာပြုတက္ကသိုလ်တွေအတွက်သာ ခေါ်ယူခဲ့ပြီး စစ်သူနာပြုအနေနဲ့ တာဝန်ပေးတာတွေပဲ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org