နယ်စပ်ကုန်သွယ်ရေး ရပ်နား ထားတဲ့ နှစ်လအတွင်း အမေရိ ကန်ဒေါ်လာ ၁ သန်းအထိ ဆုံးရှုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို ရပ်နားထားရပြီး ၂ လတာအတွင်း ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ သန်းလောက်အထိ ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ မောင်တောကုန်သည်ကြီးများ အသင်းဥက္ကဌ ဦးအောင်မြင့်သိန်း က ပြောပါတယ်။

ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေကို ရပ်နားထားရပြီး ၂ လတာအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ သန်းလောက်အထိ ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ မောင်တောကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း က ပြောပါတယ်။

ဆုံးရှုံးနစ်နာမှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးပြန်လည်ပတ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မောင်တောကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း က ပြောပါတယ်။

"ကျနော်တို့က ပြန်လည်ပတ်ဖို့ ကြိုးစားနေပါတယ်၊ ဒေသအာဏာပိုင်တွေနဲ့ရော လုံခြုံရေးတာဝန်ရှိတဲ့ သူတွေနဲ့ရော ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ပါ ကျနော်တို့စီစဉ်နေကြပါတယ်"

မောင်တောမြို့နယ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်ကပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်တွေအားလုံးကို ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

တချို့အလွယ်တကူသယ်ယူလို့ရနိုင်တဲ့ ကုန်ပစ္စည်းတွေကိုတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ တဆင့် ပြောင်းရွှေ့တင်ပို့ခဲ့ပေမယ့် ဝါးတင်ပို့မှုလုပ်ငန်းတွေကိုတော့ အားလုံးရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကလည်း မြန်မာဘက်ကို ကုန်ပစ္စည်းတွေ ပြန်လည်တင်ပို့တာတွေ ဒီနေ့အထိ ရပ်ဆိုင်း ထားရတယ်လို့လည်း သိရပါတယ်။

မောင်တော နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေတဆင့် မြန်မာဘက်က ပုစွန်၊ ငါးခြောက်စတဲ့ ရေထွက်ကုန်ပစ္စည်းတွေ ကို တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အများဆုံးတင်ပို့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှဘက်ကတော့ ဒန်နဲ့ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ပလပ်စတစ်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေ အများဆုံး ပြန်လည်တင်သွင်းတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org