တရုတ်တိုက်လေယာဉ် မြန်မာဝယ်

တရုတ်နိုင်ငံမှာ မြန်မာလေတပ်က မှာယူ ထားတဲ့ JF-17/FC-1 တိုက်လေယာဉ်တွေ ဒီလ ၁၃ ရက်နေ့က စမ်းသပ်ပျံသန်းတယ် လို့ မနေ့ကထုတ်တဲ့ Jane’s ကာကွယ်ရေး ဆိုင်ရာ အပတ်စဉ်စာစောင်မှာ ဖော်ပြထားပါတယ်။

JF-17/FC-1 တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ် .

တရုတ်နိုင်ငံမှာ မြန်မာလေတပ်က မှာယူထားတဲ့ JF-17/FC-1 တိုက်လေယာဉ်တွေ ဒီလ ၁၃ ရက်နေ့က စမ်းသပ် ပျံသန်းတယ်လို့ မနေ့ကထုတ်တဲ့ Jane’s ကာကွယ်ရေးဆိုင်ရာ အပတ်စဉ်စာစောင်မှာ ဖော်ပြထားပါတယ်။

PAC - Pakistan Aeronautical Complex လို့ ခေါ်တဲ့ ပါကစ္စတန် လေယာဉ်တည်ဆောက်ရေး စက်ရုံနဲ့ CAC လို့ ခေါ်တဲ့ Chengdu Aircraft Industry Corporation ချန်ဒူး လေယာဉ်လုပ်ငန်း ကော်ပိုရေးရှင်းက တည်ဆောက် တဲ့ လေယာဉ်တွေပျံသန်းနေတာကို တရုတ် ကွန်ပျူတာ အွန်လိုင်းတွေမှာ ပထမဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။

တစ်စင်းကို အမေရိကန် ဒေါ်လာ ၁၆ သန်းတန်ပြီး လေယာဉ် ၁၆ စင်းဝယ်ယူဖို့  ၂ဝ၁၅ ခုနှစ် အစောပိုင်းမှာ မြန် မာနိုင်ငံက သဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်လို့  Jane’s စာစောင်ကို သံတမန်အသိုင်းအဝိုင်းက အဲဒိနှစ် ဒီဇင်ဘာလက ပြောကြားခဲ့ပါတယ်။

AVIC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်းဟာ ချန်ဒူး လေယာဉ်လုပ်ငန်းကော် ပိုရေးရှင်းရဲ့ ပင်မကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံကို နည်းပညာပိုင်းပါ အကူအညီပေးမယ်လို့ ယုံကြည်ရပါတယ်။

မြန်မာလေတပ်က သက်တမ်းအိုနေပြီဖြစ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်ထုတ် Chengdu J-7 တိုက်လေယာဉ်တွေနေရာ မှာ JF-17/FC-1 တိုက်လေယာဉ်တွေ အစားထိုးမှာပါ။

တရုတ်-ပါကစ္စတန် ပူးတွဲထုတ် တိုက်လေယာဉ်တွေကို မြန်မာနိုင်ငံက ဈေးဦးဖောက်တဲ့ ဖောက်သည်လို့ ယုံကြည် ရပြီး ဒီနှစ်မကုန်ခင် လေယာဉ်တွေကို စတင်ပို့ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org