ရုပ်ရှင်လောကအသံကို အစိုးရနဲ့လွှတ်တော်သိဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်

2016-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
"မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်" ကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၉ ရက်နေ့က စတင်ကျင်းပစဉ်
"မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်" ကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၉ ရက်နေ့က စတင်ကျင်းပစဉ်
Photo: Kyaw Lwin Oo/RFA

မြန်မာရုပ်ရှင်ဖွံ့ဖြိုးရေးအတွက် "မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ'' အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။

ရုပ်ရှင်လောကသားတွေရဲ့အသံကို အစိုးရနဲ့လွှတ်တော်က ကြားစချင်တဲ့အတွက် အခုလို ဆွေးနွေးပွဲ လုပ်ရတာဖြစ် တယ်လို့ ပွဲစီစဉ်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးဇာဂနာ ပြောပါတယ်။

"ကိုယ့်အစိုးရလို့ပြောကြပါစို့၊ ကိုယ့်အစိုးရလက်ထက်ရောက်လာတဲ့အခါမှာ အပေါ်ကအောက် အမိန့်ချပေးခြင်းတွေနဲ့ အကောင်အထည်ဖော်တဲ့ကိစ္စမျိုးတွေ မလုပ်ချင်တော့ဘူး၊ ပြည်သူတွေကို ကျနော်တို့ပြောမယ်၊ ပြည်သူတွေကနေ ပြီးတော့ ကျနော်တို့ကို အသံထွက်မယ်၊ ရုပ်ရှင်လောကထွက်တဲ့အသံကို အစိုးရက နားထောင်ရမယ်၊ ဒီရုပ်ရှင်သမား အားလုံးရဲ့အသံကို လွှတ်တော်ကလည်း ကြားစေချင်တယ်၊ အစိုးရလည်း ကြားစေချင်တဲ့အတွက် ဒီဖိုရမ်ကို ကျနော်တို့ သူငယ်ချင်းတွေစုပြီး စီစဉ်ကြတာပါ"

သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ မှာ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ မရိုက်ကူးခင် ပြင်ဆင်မယ့်အခြေအနေ၊ ရိုက်ကူးနေချိန်ထားရှိရမယ့် အရည် အသွေး စတဲ့ အရည်အသွေးအပိုင်းနဲ့ ရုံတင်ပြသတဲ့ စနစ်အကြောင်းတွေကို ဆွေး နွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးသွားရင် ရုပ်ရှင်လုပ်ငန်းတိုးတက်ဖို့ လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ စတဲ့ အလွှာပေါင်းစုံက ရုပ်ရှင်လောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဖိုရမ်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ ဒါရိုက်တာ ဦးဇာဂနာကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့