မြန်မာ့ကော်ဖီ အမေရိကန်ဈေးကွက်ဝင်

အမေရိကန် ပြည်ထောင်စုမှာ “အဆင့်အတန်းဝင် မြန်မာကော်ဖီ” စတင်မိတ်ဆက်တဲ့ပွဲကို ဝါရှင်တန်ဒီစီ မြို့တော်က La Colombe ကော်ဖီဆိုင်မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ဒီကော်ဖီဟာ မြန်မာ ကော်ဖီစိုက်တောင်သူတွေအတွက် အမေရိကန်အစိုးရ USAID ဖွံ့ဖြိုးမှု အကူအညီပေးရေးဌာန အစီအစဉ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ကော်ဖီ ဖြစ်ပါတယ်။

Seattle မြို့အခြေစိုက် Atlas Coffee Importers ဆိုတဲ့ ကော်ဖီသွင်း ကုန်လုပ်ငန်းက တစ်အိတ်ကို ၆ဝ ကီလိုဂရမ် ရှိတဲ့ ကော်ဖီအိတ် ၆ ရာကို လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က တင်သွင်း လာတာဖြစ်ပြီး၊ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံ ကနေ အမေရိကန်ပြည်ထောင်စုကို ပထမဆုံး တင်သွင်းရောင်းချမှု လို့ သိရပါတယ်။

ရှမ်းပြည်နယ် ရွာငံမြို့နယ်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ကော်ဖီတောင်သူတွေကို USAID အကူအညီ နဲ့ ချေးငွေ တိုက်ရိုက်ထုတ်ပေးပြီး ကူညီခဲ့သလို၊ စိုက်ပျိုးနည်းပညာနဲ့ ဈေးကွက်ကိုပါ ရှာဖွေပေးတယ်လို့လည်း သိရပါတယ်။