မြန်မာ့ဒီမိုကရေစီ ခရီး ဝေးသေးကြောင်း အမေရိကန် ကုလသံအမတ် ပြောဆို

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ တွေ့မြင်လာခဲ့ရပေမဲ့ မြန်မာနိုင်ငံဟာ အခွင့်အရေးတွေကို လေးစားသမှုရှိတဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲ၊ သတင်းသမားတွေ ဖမ်းဆီးထောင် ချခံနေရဆဲ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ ကုလသမဂ္ဂသံအမတ် Samantha power ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတချို့ တွေ့မြင်လာခဲ့ရပေမဲ့ မြန်မာနိုင်ငံဟာ အခွင့်အရေးတွေကို လေးစားသမှုရှိတဲ့ ဒီမိုကရေစီ နဲ့အလှမ်းဝေးနေဆဲ၊ သတင်း သမား တွေဖမ်းဆီးထောင်ချခံနေရဆဲ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား ရဲ့ ကုလသမဂ္ဂ သံအမတ်ကြီး Samantha Power ကပြောပါတယ်။

အမေရိကန်အထက်လွှတ်တော် ခေါင်းဆောင်သစ် ရီပါဘလီကင် အမတ် Mitch McConnell မနေ့က ဦးစီးကျင်းပခဲ့ တဲ့ ဆွေးနွေးပွဲတစ်ရပ်မှာ Samantha Power က အမေရိကန်အစိုးရ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောကြား ရင်း၊ မြန်မာနိုင်ငံအကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆက်လက်ဆိုးရွား နေဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ ပဋိပက္ခတွေ အတွင်း မွတ်စလင်တွေအပေါ် တိုက်ခိုက်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး၊ ဘယ်သူ့ကိုမှ အရေးယူတာ မတွေ့ရသေးဘူးလို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်န်ဟီးလီ ရောက်ရှိနေပြီး၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski နဲ့အဖွဲ့ကလည်း ဒီသီတင်းပတ် အတွင်း မြန်မာ အစိုးရနဲ့ ဒုတိယအကြိမ် လူ့အခွင့်အရေးဆွေးနွေးပွဲကျင်းပမယ့် အချိန်မှာ ကုလသမဂ္ဂ သံအမတ်ကြီး Samantha Power က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ရှေ့ရေးအနာဂါတ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေသေးကြောင်း Samantha Power ကပြောပါတယ်။ မြန်မာ့ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးတွေ အတွက် အထူးအခွင့်အရေးတွေ ဆက်လက်ပံ့ပိုးပေးနေမှာဖြစ်သလို၊ မြန်မာအစိုးရရဲ့ အားနည်းချို့ယွင်းချက်တွေ ကိုလည်း ထောက်ပြဝေဖန်သွားမှာ ဖြစ်ကြောင်း၊ အပြောင်းအလဲလမ်းကြောင်းပေါ်မှာ ပိတ်ရပ်နေသူတွေကိုလည်း ဆက် လက် ပစ်မှတ်ထား ပိတ်ဆို့အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လွှတ်တော်အမတ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကအမည် ပျက်စာရင်းသွင်းခဲ့ရာမှာ အကြမ်းဖက် မှုတွေ ပေါ်ပေါက်အောင်လှုံ့ဆော်မှု၊ အကျင့်ပျက်ခြစားမှု၊ အဓိကကျတဲ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင်ဆောင်ရွက်မှုတွေနဲ့ ပိတ်ဆို့အရေးယူ ခဲ့ပါတယ်။