လူမျိုးတုံး သတ်ဖြတ်မှု မြန်မာသံအမတ်ကြီး ငြင်းဆို
မြန်မာနိုင်ငံအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ပြောလိုက်ပါတယ်။
-
2017-10-13 -
-
-
မြန်မာနိုင်ငံအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောလိုက် ပါတယ်။
မြန်မာနိုင်ငံထဲမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်က ငြင်းဆိုလိုက်ပြီး အစိုးရဟာ ပြဿနာဖြစ်ပွားရာဒေသတွင်း က လူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာဖြစ် ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရဲစခန်းတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က အကြမ်းဖက်သမားတွေကို နှိမ်နင်းနေစဉ်ကာလအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထဲကို ထွက်ခွာသွားနေကြပြီး အဲဒီလိုထွက်ပြေးရမှုကို ကုလသမဂ္ဂက လူမျိုးစု ရှင်းလင်းရေး ပြဌာန်းစာအုပ်လို့ သုံးနှုန်းခဲ့ပါတယ်။
ကုလသမဂ္ဂက စွပ်စွဲနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုရှင်းလင်းမှု ဆိုတဲ့အသုံးအနှုန်းတွေကို မြန်မာအစိုးရအနေနဲ့ လက်မခံနိုင်သလို မြန်မာ့တပ်မတော်က အဲဒီလိုရှင်းလင်းမှုတွေလုပ်နေတယ် ဆိုတာဟာလည်း မမှန်ပါဘူးလို့ သူကဆက်ပြောပါတယ်။
အခုဖြစ်ပေါ်နေတဲ့ပြဿနာတွေဟာ လူမျိုးရေး၊ ဘာသာရေးပြဿနာမဟုတ်ဘဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့်သာ ဒီလိုတွေဖြစ်လာရတယ်ဆိုတာ မြင်အောင်ကြည့်ကြဖို့လည်း သူကတိုက်တွန်းလိုက်ပါ တယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခ မရှိဘူးလို့လည်း သူက ထပ်ပြောခဲ့ပါသေးတယ်။