အင်ဒိုနီးရှားကျွန်းက မြန်မာရေ လုပ်သား၂၈ဝ ပြန်ပို့ရေး သံရုံးစီစဉ်

2015-04-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ထိုင်းငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
(Photo: AFP)

အင်ဒိုနီးရှားနိုင်ငံကို  လူကုန်ကူးခံရပြီး ကျွန်းတွေပေါ် မှာ ကျေးကျွန်သဖွယ် အကျဉ်းချခိုင်းစေခံနေရ တဲ့ မြန်မာရေလုပ်သား ၂၈ဝ ကို မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်နေပြီလို့ ဂျာကာတာမြို့ မြန်မာ သံရုံးက အရာရှိတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေ က ရေလုပ်သား ၄၅ဝ ကျော်ကို သူတို့ဖမ်းချုပ်ခံ ထားရတဲ့ ဘန်ဂျီနာကျွန်းကနေ လုံခြုံစိတ်ချရတဲ့ တူရယ်ကျွန်းကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဧပြီလ ၃ ရက်နေ့က ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲ့ဒီကျွန်းကို ဂျာကာတာမြို့  မြန်မာသံရုံးက သံမှူး ဦးကျော်စိုးသိန်း ခေါင်းဆောင်တဲ့ မြန်မာသံရုံးအဖွဲ့ဝင် ၃ ဦး သွားရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။  အဓိကအားဖြင့် မြန်မာနိုင်ငံသား ဟုတ် မဟုတ်စစ်ဆေး မူတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဖွဲ့မှာလိုက်ပါသွားခဲ့တဲ့ မြန်မာသံရုံး လူကုန်ကူးမူတိုက်ဖျက်ရေးတာဝန်ခံ ဦးလွင်ဦးက ပြောပါတယ်။

"ကျနော်တို့က ပထမအဆင့်က သူတို့ကို လူတွေ့စစ်ဆေးမေးမြန်းတယ်ပေါ့နော်၊ ကိုယ်ရေးအချက် အလက်တွေကောက်တယ်၊ မှတ်ပုံတင်နံပါတ် သူတို့ရဲ့ အဖေ အမေဘယ်သူ၊ လိပ်စာကို ကျနော်တို့ကမေးတယ်ခင်ဗျ၊ အဲ့ဒါကိုကောက်ပြီးတော့ ကျနော်တို့က မြန်မာသံရုံးကနေပြီးတော့ ကိုယ်ရေးအချက်အလက်အနေနဲ့ သူတို့က ရန်ကုန်ကို လဝကကို ကျနော်တို့ ပို့ပါတယ်ခင်ဗျ၊ အကြောင်းပြန်လာတဲ့အချိန်ကျတော့ ကျနော်တို့က သူတို့ကို CI ပေါ့နော် CI ဆိုတာက သူတို့ကို ခရီးသွားလက်မှတ်ထုတ်ပေးတယ်၊ အရင်တုန်းက ကျနော်တို့ ဆောင်ရွက်နေတာက အဲ့လိုပါပဲ၊ အခုကတော့ ကျနော်တို့ ပိုပြီးတော့ မြန်ဆန်အောင်တော့အခု သံရုံးအနေနဲ့ ရန်ကုန်ကို သူ့ဝန်ကြီးဌာနနဲ့ညှိပြီးတော့ မြန်မြန်ပြန်ပို့လို့ရအောင်တော့ ကျနော်တို့ ဆောင်ရွက်နေပါတယ်"

စစ်ဆေးရရှိတဲ့ အချက်တွေကို ရန်ကုန် လဝက ဌာနကိုပို့ဆောင်ဖို့ ပြင်ဆင်နေပြီး လ၀က ထံက အကြောင်းပြန်ကြားချက်ရရှိတဲ့အခါ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့နိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ လတ်တလော ရေလုပ်သားများကို ဖမ်းစီးထားတဲ့ ဘန်ဂျီနာကျွန်းမှာ မြန်မာနိုင်ငံသား ၁၇၄ ဦး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ သူတို့ထဲက တချို့ဟာကျွန်းမှာ အိမ်ထောင်ကျနေသူတွေ ပါဝင်သလို၊ တချို့လည်း လုပ်ခလစာရရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသံရုံး လူကုန်ကူးမှုတိုက်ဖျက်ရေး တာဝန်ခံအရာရှိ ဦးလွင်ဦးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

People suffer from the trouble like that because of bad government from 1962. Before 1952 had no facts likethat.

Apr 11, 2015 05:15 PM

ဆိုက်တခုလုံးသို့