မြေမြှုပ်မိုင်းကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က စွပ်စွဲပြောဆို သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ မြန်မာနိုင်ငံဘက်က မြေမြှုပ်မိုင်းထောင်ထားတာတွေမရှိကြောင်း ဘင်္ဂလားဒေ့ရ်ှ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပြီး အသိပေးဖြေရှင်းခဲ့တယ်လို့ မောင်တောခရိုင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က RFA ကို ပြောကြား ခဲ့ပါတယ်။

မြန်မာအစိုးရက ခြံစည်းရိုးကာမည့် ချောင်းတစ်ဖက် ကမ်းမြေနေရာကို ဘင်္ဂလားဒေ့ရှ်ဘက်က တွေ့မြင်ရပုံ hoto: Courtesy of a RFA Listener

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က စွပ်စွဲပြောဆိုသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ မြန်မာနိုင်ငံ ဘက်က မြေမြှုပ်မိုင်းထောင်ထားတာတွေမရှိကြောင်း ဘင်္ဂလားဒေ့ရ်ှ တာန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အသိပေးဖြေရှင်းခဲ့တယ်လို့ မောင်တောခရိုင် နယ်စပ်ဒေသ လူင်မှုစစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က RFA ကို ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ် ဆိုတာ မဟုတ်မမှန်ကြောင်း အဓိကထားရှင်းလင်း ခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ န..က ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရ တာန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက န..ကဌာနချုပ် ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၁၅ ဦးအဖွဲ့တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရ်ှဘက်က နယ်ခြားစောင့် BGB တပ်ဖွဲ့အမှတ် ၁၈ ကွပ်ကဲရေးမှူး ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ပြီး မြေမြှုပ်မိုင်းကိစ္စတွေအပြင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးများဝင်ရောက်မှု ပပျောက်ရေးကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org