တိုက်ပေါ်ကနေ ခုန်ချသေဆုံးသွား တဲ့ မြန်မာအိမ်အကူမိသားစုနဲ့ အဆက်အသွယ်ရရှိ

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ညက စင်္ကာပူနိုင် ငံ၊ Depot Road မှာရှိတဲ့ Interlace Condo ၁၉ ထပ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ မြန်မာအိမ်အကူ မိန်းကလေး မဇင်မာဦးရဲ့ မိသားစုနဲ့ အဆက်အသွယ် ရရှိ ထားပြီး သဂြိုၤဟ်ဖို့အတွက် မိသားစုကို စောင့်ဆိုင်းနေတယ် လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

မြန်မာအိမ်အကူ မိန်းကလေး မဇင်မာဦးခုန်ချခဲ့တဲ့ စင်္ကာပူနိုင်ငံ၊ Depot Road မှာရှိတဲ့ Interlace Condo ကို တွေ့ရစဉ် .

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ညက စင်္ကာပူနိုင်ငံ၊ Depot Road မှာရှိတဲ့ Interlace Condo ၁၉ ထပ်ကနေ ခုန်ချ သေဆုံးခဲ့တဲ့ မြန်မာအိမ်အကူ မိန်းကလေး မဇင်မာဦးရဲ့ မိသားစုနဲ့ အဆက်အသွယ် ရရှိထားပြီး သဂြိုၤဟ်ဖို့ အတွက် မိသားစုကို စောင့်ဆိုင်းနေတယ်လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး က ပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုတွေဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးဘက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး စင်္ကာပူကို လာဖို့ နဲ့ သဂြိုၤဟ်တဲ့ အခမ်းအနားတွေ လုပ်ဖို့အတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ကူညီပေးနေတယ်လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး က ပထမအတွင်းဝန် ဒေါ်စန်းစန္ဒာဝင်း က ပြောပါတယ်။

" ၁၃ ရက်နေ့ညမှာတော့ မိသားစုတွေနဲ့ အဆက်အသွယ်ရခဲ့တယ်ပေါ့၊ ရခိုင်ပြည်နယ် မြောက်ဦးဘက်မှာ နေ,နေ တာဆိုတော့ သူတို့ ဒီဘက်ကိုလာဖို့အတွက်လည်း အခက်အခဲရှိနေတဲ့ အတွက်ကြောင့် ဒီစင်္ကာပူမှာရှိနေတဲ့ သူတို့ လူမျိုးအသိုက်အဝန်းတွေကနေပဲ အကူညီတောင်းပြီးတော့ လိုအပ်တာကူညီပေးဖို့အတွက် ချိတ်ဆက်ပေး နေတယ်၊ ပြီးတော့ ဒီစင်္ကာပူကို လာနိုင်ဖို့အတွက်ရယ်၊ ဒီစင်္ကာပူမှာ သဂြိၤုဟ်တဲ့အခမ်းအနားတွေ ဘာတွေ လုပ်ဖို့အတွက်ရယ်၊ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ အကူအညီပေးနေတယ်ပေါ့နော်"

မဇင်မာဦးဟာ ဘာ့ကြောင့် ဒီလိုခုန်ချသေဆုံးခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သေဆုံးသူဟာ မိခင်ကို သတိရနေကြောင်း၊ စိတ်ကျရောဂါပုံစံမျိုး တွေ့ရကြောင်းနဲ့ သူ့အဖေရဲ့ ပြောကြားချက်အရ မိခင်ဟာ သေဆုံးသွားတာကြာပြီဖြစ်ကြောင်းလည်း ဒေါ်စန်းစန္ဒာဝင်း က ပြောပါတယ်။

မဇင်မာဦးဟာ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတာ ၈ လကျော် ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သူမဟာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ အိမ်ရှင်က အဝတ်ထွက်လှန်းခိုင်းရာကနေ ဝရန်တာ အပြင်ဘက် အစွန်းပေါ်ထွက်ပြီး ခုန်ချဖို့ ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအပြင် မဇင်မာဦးရဲ့ သူငယ်ချင်းဖြစ်သူ တို့က မခုန်ချဖို့ ကြိုးစားပြီး တားမြစ်ခဲ့ပေမယ့် ည ၇ နာရီခန့်မှာ ခုန်ချသွားခဲ့တာ ဖြစ်တယ်လို့လည်း ဒေါ်စန်းစန္ဒာဝင်း က ပြောပါတယ်။

ခုန်ချဖို့ စတင်ကြိုးစားချိန်နဲ့ ခုန်ချသေဆုံးသွားချိန်ကြားမှာ မိနစ် ၉၀ ကြာမြင့်ခဲ့ပြီး အောက်မှာ ကယ်ဆယ်ရေး တွေက ရေမြုပ်တွေခင်းကာ စောင့်ဆိုင်းခဲ့ပေမယ့် စတုရန်းတွေ ထပ်ထားတဲ့ပုံစံ တည်ဆောက်ထားတဲ့ ကွန်ဒိုဒီဇိုင်းကြောင့် ကွန်ဒိုပထမထပ်ပေါ်ကို ကျပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org