ဩစတြေးလျနိုင်ငံရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပံ့ပိုးကူညီမှုအဖွဲ့က ဦးဆောင်ပြီး ကင်ဘာရာမြို့က စစ်ကောင်စီသံရုံးနဲ့ ကမ္ဘောဒီးယားသံရုံးရှေ့တို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။
ဩစတြေးလျနိုင်ငံ ပြည်နယ်အသီးသီးကို ရောက်ရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ၁၃၈ ဦးနဲ့အတူ ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရကို ဆန့်ကျင်တဲ့ ကမ္ဘောဒီးယား ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃၀ ခန့်လည်း ပူးပေါင်းပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ စစ်ကောင်စီကို အားပေး အားမြှောက်လုပ်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့ကလည်း ဒီဆန္ဒပြပွဲကို သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။