မြန်မာ-အိန္ဒိယနယ်စပ် ရွှေမှောင်ခို လမ်းကြောင်း အတွင်ကျယ် ဆုံးဖြစ်နေ

အိန္ဒိယနိုင်ငံတွင်းကို ရွှေမှောင်ခိုသွင်းရာ မှာ မြန်မာနိုင်ငံကနေ သွင်းတဲ့လမ်းကြောင်း က မှောင်ခိုသမားတွေကြား ရေပန်းအစားဆုံးဖြစ်နေတယ် လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်းကို ရွှေမှောင်ခိုသွင်းရာမှာ မြန်မာနိုင်ငံကနေ သွင်းတဲ့လမ်းကြောင်းက မှောင်ခိုသမားတွေ ကြား ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

အရင်က ရွှေမှောင်ခိုလမ်းကြောင်းဖြစ်တဲ့ ဘင်္ဂလားနယ်စပ်မှာ လုံခြုံရေးတင်းကြပ်လာတဲ့အတွက် မြန်မာနဲ့ မီဇိုရမ်လမ်းကြောင်းကတဆင့် ကာလကတ္တားကို ရွှေမှောင်ခိုသွင်းလာကြတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံဘက်က သွင်းလာတဲ့ရွှေ ၂၁ ကီလိုဂရမ် ဖမ်းဆီးမိခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလကတည်းက အခုထိမြန်မာလမ်းကြောင်းကနေ အမေရိကန်ဒေါ်လာ ၄ သန်း နီးပါးတန်ဖိုးရှိတဲ့ ရွှေ ၈၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းမိခဲ့တဲ့ ရွှေပမာဏ စုစုပေါင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org