မြန်မာ မီဒီယာလွတ်လပ်ခွင့်နဲ့ ဒီမိုအရေး ကုလအရာရှိတွေ စိုးရိမ်


2019-05-08
Share
reuters-free-622.jpg သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၉ မေလ ၇ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးက ရိုက်တာသတင်းထောက် နှစ်ဦး ပြန်လွတ်လာတာဟာ ဝမ်းသာစရာ သတင်းဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကတော့ စိုးရိမ်ပူပန်စရာဖြစ်ပါတယ်လို့ ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီနဲ့ ကုလသမဂ္ဂ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် ဒေးဗစ်ကေးတို့က   ဒီသတင်းထောက်တွေ မိသားစုနဲ့ ပြန်ဆုံတွေ့နိုင်ပြီး ကျန်ရှိ ပြစ်ဒဏ်ကို ဆက်လက်ကျခံဖို့ မလိုတော့ဘူး ဆိုတဲ့အချက်က ဝမ်းသာစရာပါ။

ဒါပေမဲ့ သူတို့ကို အစိုးရလုံခြုံရေးဥပဒေအရ စီရင်အပြစ်ပေးမှုကို ရုပ်သိမ်းခဲ့တာတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေကို အထူးစိုးရိမ်ပြီး လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးလှပါတယ်လို့လည်း ကုလအရာရှိ နှစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့