မြန်မာဘက်က အမြောက်ဆံ တရုတ်နယ်မြေထဲ ထပ်ကျ

2015-04-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
Photo: From Jade Land Kachin

အခုသီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ MNDAA တပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိရာမှာ ဒီကနေ့မနက် ၈ နာရီက အမြောက်ဆံတစ်ခု တရုတ်နယ်မြေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ကိုးကန့်ဒေသခံတွေ က ပြောပါတယ်။

ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဆံဟာ ဘယ်သူက ပစ်တယ်ဆိုတာမသိရပေမဲ့ မြန်မာပြည်ဘက်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ တရုတ်ပြည် နမ့်ဆန်မြို့ အနီးမှာနေထိုင်တဲ့ လောက်ကိုင်မြို့ခံ ကိုးကန့်လူမျိုး ရဲလောက်အေ က ပြောပါတယ်။

"ဒီဘက်ကပစ်တဲ့ လက်နက်ကြီးတစ်ခု တရုတ်ပြည်ထဲဝင်သွားတယ်၊ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က၊ နမ့်ဆန်ကနေထွက်လာလို့ရှိရင် ၇ မိုင် ၈ မိုင်လောက်ပဲ အကွာအဝေးရှိမယ်ထင်တယ်၊ တရုတ်ပြည်ဘက်လူ ဒီနေ့တော့မထိပါဘူး၊ ဒါပေမဲ့ ကိုးကန့်ဘက်လှမ်းပစ်လို့ ပြည်သူလူထုထိသွားတာရှိပါတယ်၊ လွန်ခဲ့တဲ့နှစ်ရက်လောက်က ထိပြီးဒဏ်ရာရတာ နှစ်ယောက်ရှိပါတယ်"

အခုလိုလက်နက်ကြီးကျတယ်ဆိုတဲ့သတင်းကို တရုတ်မီဒီယာတွေမှာ မဖေါ်ပြသေးပေမဲ့ တရုတ်အင်တာနက် သတင်းတချို့မှာတော့ ပါတယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း အစိုးရထုတ်ပြန်တဲ့ သတင်းတွေမှာ ကိုးကန့်ဒေသအတွင်း ထိုးစစ်ဆင်နေပြီး သံချပ်ကာကားတွေပါ အသုံးပြုတယ်လို့ ဖေါ်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မီဒီယာတွေမှာလည်း ဖေါ်ပြနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

လောက်ကိုင်မြို့ခံ ကိုးကန့်လူမျိုး ရဲလောက်အေ ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (8)
Share

(Yangon

နေရပ်- Yangon

Be ready Minister U Wanna to go to China to apologise for wrong targeting of Myanmar soldiers. You will need to be ready to do that all the time as long as they are fighting with Kokant.

Apr 16, 2015 10:13 AM

တပ်ချုပ်

နေရပ်- တိုင်းပြည်ရဲ့ဘဏ္ဍာငွေအလဟသဖြုံးတီး

လက်ရှိကိုးကန့်စစ်ပွဲဟာ ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ လေ ကြောင်းပစ်ကူ အသုံးဆုံးစစ်ပွဲဖြစ်နေတယ်။
စစ်သည်အင်အားဖြုန်းတီးမှုအပြင် ဘဏ္ဍာရေးဘက်ကကြည့်ရင်လဲ ပြည်သူတွေရဲ့ အခွန်ငွေတွေကို
အချည်းနှီး ဖြုန်းတီးနေတာ ဖြစ်နေတယ်။ အမြောက်လက်နက်ကြီးကျည်တွေ လေယာဉ် ရဟတ်ယာဉ်တွေ အသုံးဆုံးစစ်ပွဲဖြစ်နေ ပြီး ငွေဘယ်လောက်ကုန်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။
ကိုးကန့်စစ်တပ် ထောင်ဂဏန်းကိုတိုက်တာတောင် ဒါလောက်စစ်သည်အကျအဆုံးများနေမှတော့ တကယ်တန်းပြည်ပရန်ကို ကာကွယ်ဖို့ ဘယ်လိုတိုက်မှာလဲ။ ဗမာပြည်ရဲ့ပြည်တွင်းစစ်တွေကို နိုင်ငံရေးနည်းအရအဖြေရှာ၊ တိုင်းရင်းသားပြ ဿနာပြေလည်ဖို့ ဖက်ဒရယ်စနစ်ကျင့်သုံးပြီး စစ်တပ်ကို professional စစ်တပ်ဖြစ်အောင် နိုင်ငံရေးနယ်ထဲက ထွက် ခွာပြီးလုပ်ဖို့ အထူးအရေးတကြီးလိုအပ်ချိန် ရောက်နေပါပြီ။
တပ်ချုပ် သိက္ခာဆည်ဖို့အတွက် တိုင်းပြည်ရဲ့ဘဏ္ဍာငွေကိုလည်း အလဟသဖြုံးတီးပစ်နေ တာဖြစ်တယ်။

Apr 14, 2015 06:07 PM

ဟင်း..နော်

နေရပ်- ဘာမှတ်နေလဲ

မြောက်ကိုးရီးယားတူးပေးထားတဲ့ လိုဏ်ခေါင်းထဲက ဒုံးကျည်နဲ့ ပစ်လိုက်ရင် ပီကင်းကို ရောက်သွားနိုင်တယ်။

Apr 14, 2015 03:45 PM

(

ငြိမ်းချမ်းရေး မြန် မြန် ရဖို့ အစိုးရ တပ်က ကျူးကျော်စစ်တိုက်ထိုးစစ် တွေဆင်နေ တယ် ။ အစိုးရဘက်မှ စစ် လေယာဉ်နဲ့ ဗုံးလာကျဲတယ် သံချပ်ကာကားတွေ အမြောက့်တွေ အသုံးပြု ပြီးထိုးစစ် တွေဆင်နေ တယ်။
တိုင်းရင်းသားအဖွဲ့တွေ က ခုခံစစ် ပါဘဲ စစ်ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးလို့ က တော့ တပ်မတော်၏မူ(၆) ချက် ပေးတာယူ၊ ကျွေးတာစား လမ်းစဉ်ပဲ ရမှာ ပါ။

Apr 14, 2015 02:04 PM

အမည်မဖော်လိုသူ

ကဲ ခုတော့
ကိုးကန် တိုင်းရင်းသား တွေကို လွှဲချ မ လား
ခုလို IT ခေတ် မှာ ဆက်ပြီး လိမ်ဘို့  ကြိုးစား မ လား

Apr 14, 2015 11:37 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့