အမေရိကန်မှာ မြန်မာလူဦးရေ ၃ သိန်းကျော် ရှိနေပြီ
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားဦးရေ ၃ သိန်းကျော် ရှိသွားပြီလို့ A Burmese American Community Institute (BACI) က သြဂုတ်လ (၃) ရက်နေ့ နေ့စွဲနဲ့ စာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
-
2016-08-06 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားဦးရေ ၃ သိန်းကျော် ရှိသွားပြီလို့ A Burmese American Community Institute (BACI) က သြဂုတ်လ (၃) ရက်နေ့ နေ့စွဲနဲ့ စာတမ်းတစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
BACI အဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ်ကနေ အခု ၂၁၀၆ ခုနှစ်ထိ နှစ်စဉ် ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်ပြီး အမေရိကန်က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေ တဲ့ မြန်မာလူငယ်ဦးရေဟာလည်း ၄ နှစ်အတွင်း ၈၃ ရာခိုင်နှုန်းမြင့် တက်လာခဲ့တယ်လို့ BACI အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ Elasia Vahine က RFA ကို ပြောပါတယ်။
"ကျနော်တို့ လူဦးရေစာရင်းကို စစ်ဆေးတဲ့အချိန်မှာ ၂၀၀၀ ကနေပြီးတော့မှ ၂၀၁၆ ထိကိုလုပ်ရတာဖြစ် ပါတယ်၊ ၁ သိန်းနဲ့ ၆ သောင်းကျော်က အဲ့အတောတွင်းမှာ ဒုက္ခသည်အနေနဲ့ဝင်လာတာဖြစ်တယ်၊ ဒါပေမယ့် ၃ သိန်းဆိုတာက အဲ့မတိုင်ခင်မှာဝင်လာတဲ့စာရင်းရယ်၊ ပြီးတော့မှ မိသားစုလမ်းနဲ့ တခြားနည်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တွက်ရတာဖြစ်ပါတယ်၊ ၂၀၁၁မှာ သူတို့ဝင်နှုန်းက ၄၃ ရာခိုင်နှုန်းဖြစ် ပြီးတော့မှ ဒီနှစ်မှာတော့ ၈၃ ရာခိုင်နှုန်းတက်သွားတယ်"
မြန်မာနိုင်ငံသားအများစုဟာ အမေရိကန်ပြည်ထောင်စုထဲက အင်ဒီးယားနား၊ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ နယူယောက် စတဲ့ ပြည်နယ်တွေမှာ အဓိကနေထိုင်ကြတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တာဟာ ကာလမကြာမြင့် သေးတာမို့ အများစုအနေနဲ့ အခြေခံလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရဆဲလို့ ပြောပါတယ်။
BACI အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကနေစလို့ နှစ်စဉ် နွေရာသီမှာ မြန်မာနိုင်ငံသား လူဦးရေစာရင်းကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး မနှစ်ကလည်း လူဦးရေစာရင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
BACI အဖွဲ့ အမှုဆောင် ဒါရိုက်တာ Elasia Vahine ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။