အိန္ဒိယဝန်ကြီးချုပ်နဲ့ မြန်မာ သမ္မတ နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုး


2016-08-29
Share
india-president-htinkyaw-620.jpg အိန္ဒိယသမ္မတ Pranab Mukherjee ၊ မြန်မာသမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ကို နယူးဒေလီမြို့ရှိ သမ္မတ အိမ်တော်ဝင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar President Office

အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီချက်တွေထဲမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသွားလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တမူး-ကလေးဝ ကားလမ်းပိုင်းတလျောက် တံတား ၆၉ စီး တည်ဆောက်ရေးကိစ္စ၊ ကလေးဝ-ယာကြီးလမ်းပိုင်း အဆင့်မြင့်တင်ရေး ကိစ္စ၊ ရိုးရာဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ သဘာဝစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် တခြားနိုင်ငံတွေနဲ့မတူတဲ့ ထူးခြားတဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ဆက်စပ်မှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တွေဖြစ်ကြောင်း ခေါင်းဆောင် ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။

သမ္မတဦးထင်ကျော်ဟာ ပြီးခဲ့တဲ့စနေနေ့မှာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာကို သွားရောက်ဘုရားဖူးခဲ့ပြီး၊ မနေ့က အင်္ဂရာမြို့က တာ့ချ်မဟာ နန်းတော်ကို သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့