ပါကစ္စတန် တိုက်လေယာဉ် မြန်မာ ဝယ်ယူ


2015.07.10
jf-17thunder-620 ပါကစ္စတန် JF-17 Thunder အမျိုးအစား တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: dunyanews.tv

မြန်မာနိုင်ငံဟာ ပါကစ္စတန်က JF-17 Thunder အမျိုးအစား တိုက်လေယာဉ်တွေကို ပထမဆုံးဝယ်ယူ တဲ့ နိုင်ငံဖြစ်သွားပြီလို့ ပါကစ္စတန် သတင်းတွေက မနေ့က ဖော်ပြကြပါတယ်။

ပါကစ္စတန်က မြန်မာကို JF-17 Thunder တိုက်လေယာဉ် ၂၄ စီး ရောင်းချဖို့ ကမ်းလှမ်းထားပြီး၊ မြန်မာက ပထမအသုတ်အနေနဲ့ ၁၆ စီးဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စအတွက် နှစ်နိုင်ငံ ပြီးခဲ့တဲ့ မတ်လက စတင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပါကစ္စတန်အနေနဲ့ အဲ့ဒီ တိုက်လေယာဉ်တွေ ထိန်းသိမ်းပြုပြင်ရေးတွေကို တာဝန်ယူဆောင်ရွက်ပေးဖို့လည်း နှစ်နိုင်ငံသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ OPCW မှာ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ဇူလိုင်လ ၈ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။

OPCW အဖွဲ့ဝင်နိုင်ငံတွေကို ဓာတုလက်နက် ထုတ်လုပ်မှု၊ စမ်းသပ်မှု၊ ပိုင်ဆိုင်ထားရှိမှု၊ သိုလှောင်မှု၊ လွှဲပြောင်းမှုနဲ့ အသုံးပြုမှုတွေ တားမြစ်ထားပြီး၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရင်ပိုင်ဆိုင်ထားတဲ့ ဓာတုလက်နက်တွေနဲ့ ထုတ်လုပ်တဲ့စက်ရုံတွေ ဖျက်သိမ်းရမှာဖြစ်သလို ဓာတုလက်နက်ဟောင်းတွေကိုလည်း စွန့်ပစ်ရမှာဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတွင်း ဓာတုလက်နက် ကင်းရှင်းကြောင်း နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစစ်ဆေးခံရ မှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။