သောင်းရင်းမြစ်ရေကြီး မြဝတီမှာ လူ ၄၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့


2019.08.03
myawaddy-flooding-622.jpg သောင်းရင်းမြစ်ရေတက်နေတာကြောင့် ကရင်ပြည်နယ် မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနေတာကို ၂၀၁၉၊ သြဂုတ် ၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ ညနေပိုင်းကစပြီး သောင်းရင်းမြစ်ရေတက်နေတာကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေက လူ ၄၀၀ နီးပါးကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။

မနေ့က ညနေကနေ ညပိုင်းအထိ မိုးသည်ထန်စွာရွာပြီး သောင်းရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန် ရောက်ရှိနေတာကြောင့် မြစ်ဘေးမှာရှိတဲ့ အနိမ့်ပိုင်းအိမ်တွေက လူ ၄၀၀ နီးပါးကို ကျောက်လုံးကြီး ပြန်လည် ကြိုဆိုရေးစခန်းကို ရွှေ့ပြောင်းပေးထားရတာဖြစ်ပါတယ်။

မြစ်ရေ ရုတ်တရက်တက်လာတာကြောင့် ရေဘေးဒဏ်ခံစားရသူတချို့ဟာ ဘာပစ္စည်းမှ မယူနိုင်ဘဲ ကယ်ဆယ်ရေး သမားတွေ ခေါ်တဲ့နောက်ကိုသာ လိုက်ခဲ့ရကြောင်း ရေးဘေးဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီ ရေဘေးဒုက္ခသည်တွေ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသတာတွေကို မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။