မြေနုကျွန်း ပဋိပက္ခမှာ ဒဏ်ရာနဲ့ သေဆုံးသူတွေကိစ္စ အမှုဖွင့်တိုင်ကြား

မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်းကိစ္စ ဖရဲကျွန်းကျေးရွာနဲ့ ကံသာကျေးရွာသားတွေရဲ့ ပဋိပက္ခကြောင့် ဒဏ်ရာနဲ့ ရေနစ်သေဆုံးခဲ့သူတွေကိစ္စကို အမှုဖွင့်တိုင်ကြားဖို့ ရဲစခန်းက မိသားစု ဝင်တွေကို မနေ့က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

နစ်မြုပ်နေတဲ့စက်လှေကို ၂၀၁၉ ဇူလိုင် ၂၄ ရက်နေ့က ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို တွေ့ရစဉ် Photo: Zaw Too/RFA

မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်းကိစ္စ ဖရဲကျွန်းကျေးရွာနဲ့ ကံသာကျေးရွာသားတွေရဲ့ ပဋိပက္ခကြောင့် ဒဏ်ရာနဲ့ ရေနစ်သေဆုံးခဲ့သူတွေကိစ္စကို အမှုဖွင့်တိုင်ကြားဖို့ ရဲစခန်းက မိသားစုဝင်တွေကို မနေ့က အကြောင်းကြား ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ဆေးရုံက ဆေးစာထွက်လာပြီဖြစ်ကြောင်းနဲ့ အမှုဖွင့်ဖို့ စခန်းမှူးက လာရောက် အကြောင်းကြားလာတာကြောင့် သက်ဆိုင်ရာမိသားစုဝင်တွေက ဒီနေ့သွားရောက်အမှုဖွင့်နေတဲ့အကြောင်း ဖရဲကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးသန်းက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေနုကျွန်းကိစ္စ ပဋိပက္ခကြောင့် ဖရဲကျွန်းကျေးရွာက ဒေသခံ ၂၈ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။ သိပ်မကြာခင်က ထွက်လာတဲ့ ဆေးစာအရ သေဆုံး သူတွေထဲက သုံးယောက်ဟာ ဒဏ်ရာတွေ ရှိနေတာကြောင့် ရဲစခန်းက အမှုဖွင့်ဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မသေပဲ ဒဏ်ရာရရှိခဲ့သူ နှစ်ယောက်လည်းရှိတာကြောင့် သူတို့အနေနဲ့ အမှုထပ်ဖွင့်မလားဆိုတာ အတိအကျ ပြောလို့မရသေးကြောင်း ဦးဇော်မျိုးသန်း က ပြောပါတယ်။

ဖရဲကျွန်းကျေးရွာနဲ့ ကံသာကျေးရွာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖရဲကျွန်းကျေးရွာဘက်က လူသတ်မှု၊ အလောင်းဖျောက်မှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ အမှုဖွင့်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကံသာကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ လေးယောက်ကို ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org