မြစ်ဆုံစီမံကိန်းပြန်စဖို့ NLD အစိုးရသစ်ကို တွန်းအားပေးမယ် လို့ တရုတ်အစိုးရပြော

2016-03-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မေခ-မလိခ ဧရာဝတီမြစ်ဆုံမှာ ၂ဝ၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အခမ်းအနားကို တွေ့ရစဉ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မေခ-မလိခ ဧရာဝတီမြစ်ဆုံမှာ ၂ဝ၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အခမ်းအနားကို တွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေးအတွက် မြန်မာအစိုးရသစ်ကို တွန်းအားပေးသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူဇန်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီထားတဲ့ လုပ်ငန်းစာချုပ်ဟာ အသက်ဝင်နေဆဲပဲလို့ တရုတ်ဒုဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ စီမံကိန်း ရပ်နားထားရတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း ရှေ့သီတင်းပတ်ကျင်းပမယ့် တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲမတိုင်ခင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ အချိန်မလုံလောက်တော့တာကြောင့် အစိုးရသစ်တက်လာတာနဲ့တပြိုင်နက် ဒီစီမံကိန်းပြန်စနိုင်အောင် တွန်းအားပေးပြောဆိုသွားမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေမှာ ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံတွေရဲ့ ဆန့်ကျင်မူတွေနဲ့ ရင်ဆိုင်နေရသလို၊ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းတဲ့ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာလည်း ပြဿနာတွေရှိနေ တာ ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်အပမ်းဖြေကျွန်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မြန်မာအစိုးရ တက်ရောက်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ အလျှင်အမြန် ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရသစ်ကို တွန်းအားပေးမယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး လာမယ့် အစိုးရအဖွဲ့သစ်မှာ သယံဇာတနဲ့ သဘာဝပတ်ကျင်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတဲ့ စိမ်းလန်းအမိမြေ (Eco Dev) အဖွဲ့က အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (7)
Share

ဒါ​ကြောင့်​လည်း

အစိုးရ​သစ်​​တောင်​ ထိုင်​ခုံမှာ မထိုင်​ရ​သေးဖူး မ​အောင့်​နိုင်
မ​နေနိုင်​​လောက်​​အောင်​ သူကိတ်​စ သူအကျိုးကြီးပါလား
ဒါ​ကြောင့်​လည်း မြန်​မာပြည်​သူအားလုံးက တရုတ်​ဆိုတာနဲ့ အရမ်းအရမ်းက်ု ချစ်​ကြတာ။

Mar 21, 2016 08:34 AM

အမည်မဖော်လိုသူ

We would not accept to continue to proceed this dam project and should be totally cancelled as possible. Please keep up and maintain our home land and river.
We like to insist to the new NLD Gov, to stop the project.
If could not cancel pls make delay and hold the time.
Regards
Behalf of Myanmar people.

Mar 18, 2016 11:09 AM

အမည်မဖော်လိုသူ

NLD အစိုးရ တက်ရင် အုပ်ချုပ် လို့ မရအောင် ပြည်သူကို ကတိ ပေးထားတာတွေ ကို အပြည့်အ၀ မလုပ်နိုင်အောင် လုပ်ထားတာ အမျာကြီးပဲ။ အုပ်ချုပ်ရေး ရဲ ဌာန ဆိုင်ရာ အသီသီး မှာ မိုးကျရွှေ ကို တွေ ခန့် ထားတယ် တရားရေး ကို စစ်ဗိုလ် ၀န်ကြီးအောက်မှာထားတယ် စည်ပင်ပိုင်နိုင်ငံ ပိုင် မြေတွေ ကိုတပ်ပိုင် ဦးပိုင် ပိုင်တွေ လုပ်ပြစ်တယ် ဘယ်အချိန်က တပ်ကပိုင် ဦးပိုင် က ညပိုင် သွားမှန်း တန်ဘိုး ရှိရှိပေးမှန်းလည်း မသိဘူး။ ဥပမာ ဦးစန်းယု က စည်ပင်ပိုင်မြေထဲမှာ သူ့ အိမ်တော် ၀န်ထမ်းတွေ ထား ထားတာ ခုတော့ ဦးပိုင်မြေ ဆိုပြီး ရောင်းစားတာလဲ သိန်း ၅ သောင်းကျော်ရ တယ် ဆိုပဲ။ အဲဒီ ဈေးပေးဝယ်တာက ဘယ်သူလဲ ဒီလောက် ငွေ အများကြီး ဘယ်လိုရှိတာလဲ။ ပုဆိုးပြောင်းဝတ် အစိုးရ မလုပ်ခင် လုပ်ငန်း ကြီးကြီးမားမား အားလုံး ကို ဦးပိုင် ဆိုပြီး သိမ်းယူလိုက် လို့  အစိုးရ သစ် ပြည်သူ အတွက် လုပ်ပေးစရာ မကျန်တော့ ပါဘူး။ မအလ က နောက် ၅ နှစ် ဒီ အတိုင်း မပြောင်းဘူး ဆိုတော့ ပြည်သူတွေ NLD ကို နောင် တစ်သက်လုံး ဆက်တင်ထားမှ ရမယ်။

Mar 18, 2016 01:52 AM

ဦးဝင်းတင်

တရုတ်အစိုးသည် NLDအစိုးရအား ယခင် အစိုးရများပုံစံများအတိုင်း ဆက်ဆံပီး ဖိအားပေးပုံစံလုပ်လို့ မရပါ။ဘာကြောင့်လည်း
ဆိုရင် အမေစုအစိုးရသည်တရုတ်အစိုးရနှင့် မည်သည့်အပေးအယူများမရှိခဲ့သလို အမေစု အစိုးရနောက်တွင် အမေရိကန်ဂျပန်အပါ
အဝင် အနောက်နိုင်ငံတခုလုံးရှိနေသော
ကြောင့်ဖြစ်သည်။ဒါကြောင့် တိုင်းတာလို့  ရသည့် စီးပွားရေး အကျိုးမြတ်တခုထဲ ကိုမကြည့်ပဲ နိုင်ငံတကာအလယ်တွင် တိုင်းတာ၍မရသည့် မြန်မာပြည်သူများ ၏ဆန္ဒကို အလေးထား သည့် သဘော ထားကြီး သည့် ကမ္ဘာ့ ခေါင်းဆောင်ဆိုသည့် နံမည်ကောင်း ကိုယူသင့်ပါသည်။

Mar 17, 2016 11:35 PM

ပြည်သူဆန္ဒမပါသည့်စီမံကိန်းများလုံးဝရပ်ပြစ်ပါက

နေရပ်- ပြည်သူများက ဝမ်းသာကြပါမည်

မြန်မာပြည်သူများကတော့ မြစ်ဆုံစီမံကိန်းနှင့် အလားတူပြည်သူ့ ဆန္ဒထောက်ခံမူမရှိသည့် စီမံကိန်းများကိုလုံးဝရပ်ဆိုင်းရန်ဆန္ဒပြင်း
ပြပါသည်။NLDအစိုးရသည်လည်း ယင်းကိုသိပါသည်။ဒါကြောင့်ပြည်သူများ အားလုံးဝမ်းသာစေမည့်ဆုံးဖြတ်ချက်များ
ကိုသာလုပ်လိမ့်မည်ဟုယုံကြည်ပါသည်။

Mar 17, 2016 11:23 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့