မြစ်ဆုံစီမံကိန်း အဆုံးသတ်ဖို့ ဆန္ဒပြမည်
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြပွဲကို မြစ်ဆုံ စီမံကိန်းအတွင်းက ဒေသခံတွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေ စုပေါင်းပြီး မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
-
2019-02-06 -
-
-
ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြပွဲကို မြစ်ဆုံ စီမံကိန်းအတွင်းက ဒေသခံတွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေ စုပေါင်းပြီး မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်နေ့ မြစ်ကြီးနား မြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG က ဦးစာဂျီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ဒေသခံ ပြည်သူတွေနဲ့အတူ ပူးပေါင်းသွားမှာဖြစ်ပြီး မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးနဲ့ တရုတ်သံရုံး ထုတ်ပြန်ချက် မဟုတ်မှန်ကြောင်း ဆန္ဒပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
လူအင်အား တစ်သောင်းဝန်းကျင်ခန့်နဲ့ မြစ်ကြီးနား မနောကွင်းကနေ မြို့အတွင်း လှည့်လည်ဆန္ဒပြသွားမှာဖြစ် တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။