သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ညီလာခံ ဖြစ်သင့်ကြောင်း ဦးနိုင်ဟံသာ ပြောကြား

2016-01-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ  ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

လာမယ့် အစိုးရသစ်လက်ထက်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံဟာ သုံးပွင့်ဆိုင်ပုံစံမျိုး ဖြစ်သင့်ကြောင်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ရေးအတွက် တောင်းဆိုသွားမှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာက ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ၃ ခုပေါင်းကို တစ်ပွင့်တည်းအဖြစ် သတ်မှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကလည်း တစ်ပွင့်စီအဖြစ် သတ်မှတ်မှသာ မျှတမှုရှိမယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

"ကျနော်တို့လိုချင်တဲ့ သုံးပွင့်ဆိုင်ကတော့ အစိုးရရယ် လွှတ်တော်ရယ် တပ်မတော်ရယ်က တစ်ပွင့်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တစ်ပွင့်၊ နိုင်ငံရေးပါတီတွေက တစ်ပွင့် အဲ့လိုသုံးပွင့်ဆိုင်၊ အရင်က ကျနော်တို့ပြောဘူးတယ်၊ ဒီကိစ္စကို ပြန်ပြန်လှန်လှန် ဆွေးနွေးခဲ့ဘူးတယ်လေ၊ အရေအတွက်ကတော့ အတူတူယူရမှာပေါ့ဗျာ၊ ၁ဝဝ စီပဲထည့်ထည့်၊ ၁၅ဝ စီပဲထည့်ထည့်ပေါ့ဗျာ ဒါပြဿနာမဟုတ်ဘူး"

လက်ရှိအစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရက ကိုယ်စားလှယ် ၁၅၀၊ တပ်မတော်က ၁၅၀၊ လွှတ်တော်က ၁၅၀၊ နိုင်ငံရေးပါတီတွေက ၁၅၀ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၁၅၀ ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ရှေ့လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်လာနိုင်ဖို့ကိုလည်း တပ်မတော်က သဘောထားကြီးပေးဖို့ လိုအပ်ကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့တွေအားလုံးကလည်း ငြိမ်းချမ်းရေးညီလာခံတက်မယ်ဆိုရင် အရင်ဆုံး လက်မှတ်ထိုးရမယ်ဆိုတာကို လက်ခံကြောင်းလည်း ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၇၅၀ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

အမှန်​မြင်​ပြည်​သူ

သ​ဘောထားကြီးတယ်​ဆိုလို့  ဥပမာ​ပြောရရင်​ ဘကြီးနိုင်အိမ်​မှာ ဘကြီးဟံတို့ ညီအကိုချင်းစကားများတာ အပြင်​လူက ၀င်​ပါလာပီး အိမ်​ထဲမှာ​နေ​နေတဲ့က ဘကြီးဟံတို့  မိသားစု ကိုလည်းတက်​ရိုက်​သွားတယ်​ အိမ်​ခြံကိုလည်းဖျက်​ဆီးသွားတယ်​ဆိုရင်​ ဘကြီးဟံသ​ဘောထာကြီးနိုင်​မလား သိခြင်​တယ်​...သ​ဘောထားကြီးတယ်​ဆိုတာ ရိုးသားစွာဖြစ်​ရင်​ သ​ဘောထားကြီးနိုင်​​ပေမဲ့ ရည်​ရွယ်​ချက်​နဲ့ အပြင်​လူ​ခေါ်ပီးသိသိကြီးနဲ့ အိမ်​​ပေါ်တက်​ပီး​လုပ်​ခြင်​တာလုပ်​သွားတာကြ​တော့ သ​ဘောထားကြီးဖို့ ​ပြောတဲ့ စကားလုံးနဲ့ ​တောင်​မထို​က်​တန်​ဖူး။အခုလို နိုင်​ငံ​ရေးဂိမ်းစကားလုံး​တွေနဲ့ ​ပြော​နေမဲ့အစား ငြိမ်းချမ်း​ရေးရဖို့ အတွက်​သာရိုးသားစွာ ကြိုးစားဖို့ အချိန်​သင့်​​နေပါပီ။

Jan 28, 2016 09:29 PM

ပြည်သူကိုအလေးထားပါ

ပြည်သူကို အပွင့်ထဲမထဲ့တာကြည့်ရင် ပြည်သူကို အလေးမထားတဲ့သဘောပဲ။
ပြည်သူရဲ့ အခန်းကဣကို အလေးမထားတဲ့
ဘကြီးနိုင် တင်ပြတာကို လုံးဝလုံးဝသဘော မတူပါ။

Jan 27, 2016 11:02 PM

အများသဘောထားအရဖြစ်လာတာကိုလက်ခံပါ

အရင်ကပြောတာဆိုမေ့လိုက်တော့ အများစုက လက်မခံလို့ ဖြစ်မလာတာပေါ့ တယောက်ထဲသဘောထားကပြောဆိုခွင့်ရှိပေမဲ့ ဆုံးဖြတ်ချက်ချပီးအကောင်ထည်ဖော်ရင်
အများဆန္ဒအတိုင်းဖြစ်ရမှာပေါ့ ဒါမှဒီမိုကရေစီအနှစ်သာယာပီပြင်မှာတတ်သိ ပညာရှင် လူမူအဖွဲစည်းတွေ ဒေသလူကြီးတွေကအခု အစိုးရ နဲ့ တိုင်းရင်းသားအဖွဲ့ တွေမှာပါခွင့်ရလာပီ။ကိုယ်လုပ်ခြင်တာပဲပြောရမဲ့အချိန်မဟုတ်ေ
တာ့ပါ

Jan 27, 2016 10:10 PM

ပြည်​သူကိုပစ်​ပယ်​လို့ မရပါ

တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ များသည်​ ယင်း​ဒေသရှိ ပြည်​သူများအားလုံးကိုကိုယ်​စားမပြုသလို ပြည်​သူကတရားဝင်​​ရေးချယ်​ထာူတာမဟုတ်​တဲ့အတွက်​ ယင်း​ဒေသကိုကိုယ်​စားပြုတဲ့ သြဇာရှိလူ ပုဂိုလ်​များ ပညာရှင်​များ လူမူအဖွဲ့ စည်း များကို​ချန်​ထားလို့ မရပါဖူး။ဒေသခံပြည်​သူများက လက်​နက်​ကိုင်​အဖွဲ့ များကိုအလိုမရှိပဲ ငြိ​မ်းချမ်း​ရေးနှင့်​ ​အေးချမ်းမူလိုခြင်​​ကြောင်းကို NLDအားမဲ​ပေးခြင်းနှင့်​ နယ်​​မြေခံတိုင်း ရင်းသားပါတီများ(ကချင်​၊ရှမ်း၊ကရင်​၊မွန်​စသည်​)တို့ တွင်​ ပြသခဲ့ပါသည်​။အခုချိန်​ နိုင်​ဟံသာသာ​ရွေး​ကောက်​ပွဲဝင်​ကြည့်​ပါ၊ပြည်​သူက​ရွေးမှာမဟုတ်​ပါဖူး။

Jan 27, 2016 06:27 PM

ဆိုက်တခုလုံးသို့