နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကို သင်္ဂြိုဟ်ပေးသူများ ထောင်နှစ်စေ့ပြီး ပြန်လွတ်လာ

နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ပေးတာကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲပြီး ထောင်ချထားခံရသူ ၃ ဦးကို အာဏာပိုင်တွေ၊ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ထောင်ဒဏ် နှစ်စေ့လို့ ပြန်လွှတ် ပေးလိုက်ပါတယ်။
2011-01-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ တောင်ဖက် မိုင် ၃၀အကွာရှိ ကွမ်းခြံကုန်းမြို့တွင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် သေဆုံးပြီး ပျက်ယွင်းနေသော အလောင်းများကို ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)က ကုသိုလ်ဖြစ် မီးသင်္ဂြိုဟ်ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်မြို့ တောင်ဖက် မိုင် ၃၀အကွာရှိ ကွမ်းခြံကုန်းမြို့တွင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် သေဆုံးပြီး ပျက်ယွင်းနေသော အလောင်းများကို ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)က ကုသိုလ်ဖြစ် မီးသင်္ဂြိုဟ်ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒေါက်တာနေဝင်းကို ကရင်ပြည်နယ် ဖားအံထောင်၊ ဦးအောင်ကျော်ဆန်းကို ရှမ်းပြည်နယ် တောင်ကြီးထောင်နဲ့ ဦးဘုန်းပြည့်ကြွယ်ကို ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပြန်လွှတ်ပေး လိုက်တာပါ။

ဒါနဲ့ပတ်သက်လို့ ဖားအံထောင်က ပြန်လွတ်လာတဲ့ ဒေါက်တာနေဝင်းက RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော် ၈ နာရီကျော်ကျော်လောက် လွတ်တယ်ခင်ဗျ။ ကျွန်တော်တို့ ကျတာ ၂ နှစ် ကျတာလေ။ အခုဟာ ၂ နှစ်နဲ့ ၇ လ နေလိုက်ရတာပေါ့။ ကျွန်တော်တို့ တရားစွဲခံရပြီး ထောင်ချခံရတာ ၆ ယောက်ဗျ။ ၆ ယောက်မှာ ၃ ယောက်က ၂ နှစ်စီ၊ ၃ ယောက်က ၄ နှစ်စီပေါ့။ အခု ၂ နှစ် ၃ ယောက်က လွတ်တယ်ပေါ့ဗျာ။ ကိုအောင်ကျော်ဆန်းရယ်၊ ကိုဘုန်းပြည့်ကြွယ်ရယ်၊ ကျွန်တော်ရယ်ပေါ့နော်။”

ဒေါက်တာနေဝင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင်လည်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး လက်ရှိ မော်လမြိုင်ထောင်မှာ ကျခံနေရတာ ဖြစ်ပါတယ်။

ထောင်မှ ပြန်လွတ်လာသူ ဒေါက်တာနေဝင်းကို RFA မှ ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့