ပုဒ်မ ၅၉ (စ) မပြင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ ဆန္ဒပြ

2019-03-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပုဒ်မ ၅၉(စ) ကို မပြင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ ၂ဝ၁၉ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့စဉ်
ပုဒ်မ ၅၉(စ) ကို မပြင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ ၂ဝ၁၉ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့စဉ်
Photo: Thant Zin Oo/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို မပြင်ဆင်ဘဲ လက်ရှိအတိုင်းထားဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၅၀၀ ခန့်က ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့အခါ ပုဒ်မ ၅၉(စ)ကို လုံးဝမပြင်ဆင်ဖို့နဲ့ ပြင်ဆင်တာတွေလုပ်ရင် ဆက်လက် ကန့်ကွက်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ မိုက်ကယ် ကျော်မြင့် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပုဒ်မ ၅၉(စ)ဖျက်မည့်သူ တို့ရန်သူ၊ ပြည်ပတွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံ တို့လက်မခံ ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီကိုယ်စားလှယ် အများစုပါဝင်တဲ့ ပူးပေါင်းကော်မတီဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို လေ့လာသုံးသပ်နေ တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Why do those people like to stay in narrow and confined corners and think very selfishly ? Non-sense ! Because the world becomes smaller and smaller and each country has multi-nations.

Mar 12, 2019 05:25 AM

ဆိုက်တခုလုံးသို့