နောင်ချိုမှာ တောင်သူ ၈ ဦးကို ထောင်ဒဏ်ချမှတ်


2017.05.11
naungcho-farmers-620.jpg တောင်သူတွေကို နောင်ချိုမြို့နယ် တရားရုံးကနေ မေလ ၁၁ ရက်နေ့က အမိန့်ချမှတ်ပြီးနောက် ခေါ်ဆောင်လာစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ကုန်းမုံကျေးရွာအတွင်း မြေယာအငြင်းပွား မှုပြဿနာကြောင့် အမှုရင်ဆိုင်နေရတဲ့ တောင်သူ ၁၂ ဦးထဲက ၈ ဦးကို နောင်ချိုမြို့နယ် တရားရုံးက ပုဒ်မ ၄၄၇ အရ ထောင်ဒဏ်တစ်လနဲ့ပုဒ်မ၄၂၇အရ ထောင်ဒဏ်သုံးလ တပေါင်းတည်း ကျခံစေဖို့ဒီကနေ့အမိန့်ချမှတ်လိုက်ပါ တယ်။

တောင်သူ ၁၂ ဦးက ၈ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ၄ ဦးကို တရားသေလွှတ်ပေးခဲ့တယ်လို့ အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်သူတွေရဲ့ ရှေ့နေ ဦးတင်ဝင်းရွှေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ လုပ်ငန်းရှင်ဖြစ်တဲ့ ဦးစိုးသိန်းက သူပိုင်တဲ့ခြံကွက်အတွင်းက ခြံစည်းရိုးတိုင်တွေ ကို ကုန်းမုံကျေးရွာတောင်သူ ၁၂ဦးက ဖျက်စီးလို့ဆိုပြီး နောင်ချိုမြို့ နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကုံးမုံကျေးရွာက တောင်သူတွေ မူလဓါးမဦးချလုပ်ကိုင်ခဲ့တဲ့မြေ ၂၄၂ ဧကကို ၁၉၉၂ခုနှစ်တုန်းက စစ်အစိုးရ လက်ထက်မှာ ကော်ဖီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချထားပေးခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်တွေဘက်က သတ်မှတ်ဧက အတိုင်း စိုက်ပျိုးတာမရှိတဲ့အပြင် မြေကွက်တွေကို ကွက်စိတ်ရိုက်ခဲ့တဲ့အတွက် တောင်သူတွေက ဝင်ရောက် လုပ်ကိုင်ရာကနေ တရားစွဲခံရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။