အပစ်ရပ်စာချုပ် မကျိုးပေါက်ရေး အစိုးရနဲ့တပ်မတော်မှာ တာဝန်ရှိကြောင်း RCSS/SSA ပြော

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA လက်မှတ်ထိုးတဲ့ အကြောင်းတရားနဲ့ စာချုပ်လက်မှတ်ရေး ထိုးပြီးတဲ့နောက် စောင့်ကြည့်ရမယ့်အချက် ၂ ချက်ကို RCSS /SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က မန္တလေးမြို့က ရှမ်းသာရေး/နာရေး အဆောက်အဦမှာ တနင်္ဂနွေနေ့ မနက်က ရှင်းလင်းဟောပြောခဲ့ပါတယ်။

RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းနေစဉ် Photo: Aung Moe Myint/RFA

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA လက်မှတ်ထိုးတဲ့ အကြောင်းတရားနဲ့ စာချုပ်လက်မှတ်ရေးထိုးပြီးတဲ့နောက် စောင့်ကြည့်ရမယ့်အချက် ၂ ချက်ကို RCSS /SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က မန္တလေးမြို့က ရှမ်းသာရေး/နာရေး အဆောက်အဦမှာ တနင်္ဂနွေနေ့ မနက်က ရှင်းလင်းဟောပြောခဲ့ပါတယ်။

အဲ့ဒီဟောပြောပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က - သူတို့အနေနဲ့ စောင့်ကြည့်ရမယ့် အချက်နှစ်ချက်ရှိရာမှာ တစ်အချက်က အစိုးရ တပ်အနေနဲ့ သူတို့တပ်ရင်း တပ်မတွေကို အပစ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အမိန့်ထုတ် ညွှန်ကြားတာရှိမရှိ စောင့်ကြည့်ရမယ်၊ အပစ်ရပ်ရေးဟာ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် RCSS အပေါ်မှာရော၊ တခြားအဖွဲ့တွေ အပေါ်မှာပါ အပစ်ရပ်ဖို့ လိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဲဒီအဖွဲ့တွေလည်း ပါဝင်ဖို့လိုအပ်ပါတယ်။ နှစ်အချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရမှာဖြစ်တဲ့အတွက် အဲ့ဒါကိုအကောင်အထည်ဖေါ်-မဖေါ်ဆိုတဲ့ကိစ္စပါလို့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောသွားတာပါ။

ဒါ့အပြင် အပစ်ရပ်စာချုပ်ကျိုးပေါက်ပြီး တိုက်ပွဲတွေပြန်ဖြစ်မယ်-မဖြစ်ဘူးဆိုတာ အစိုးရအပေါ်မှာပဲ အဓိက မူတည်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org