NCA လက်မှတ်ရေးထိုး ပွဲ အောက်တိုဘာ ပထမပတ်မှာ ကျင်းပမည်

2015-09-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦအောင်မင်းနဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်တို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ်
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦအောင်မင်းနဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်တို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ်
Photo:Kyaw Zaw Win/RFA

တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပွဲကို လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၇ဝ ကျော်နဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက် တာဖြစ်ပါတယ်။

"တိုင်းရင်းသားများ၊ လက်နက်ကိုင်ခေါင်းဆောင်များမှ တောင်းဆိုချက်အရ ကျနော့်အနေနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့တွေ့ဆုံပွဲကို အခုပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ စီစဉ်ကျင်းပခဲ့ပါတယ်၊ ညှိနှိုင်းစရာတွေ ညှိနှိုင်းပြီးပြီဖြစ်လို့ သမ္မတကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ NCA လက်မှတ်ထိုးဖို့ကို အတည်ပြုခဲ့ပြီး တိုင်းရင်းသားများဘက်က အောက်တိုဘာဒုတိယပတ်မှာ ကျင်းပဖို့အဆိုပြုခဲ့ပါတယ်၊ ဒါကြောင့်မို့ နှစ်ဘက်ညှိနှိုင်းပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ပထမအပတ်ထဲမှာ လက်မှတ်ထိုးပွဲကြီး ကျင်းပနိုင်တော့မှာဖြစ်ကြောင်း ဒီနေ့ အခမ်းအနားမှာ အသိပေးပြောကြားလိုပါတယ်"

အဲ့ဒီလက်မှတ်ရေးထိုးပွဲကို အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့လက်မှတ်ထိုးဖို့ သေချာပြီလို့ လည်း ပြောပါတယ်။

အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်တပ်မတော်၊ ပလောင်လွတ်မြောက်ရေး TNLA နဲ့ ရခိုင့်တပ်မတော် တို့နဲ့လည်း သီးသန့်ဆွေးနွေးပြီး လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်မှတ်ရေးထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့အတွက် မူဘောင်တွေ ရေးဆွဲရမှာဖြစ် ပြီး ၃ လအတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရမယ်လို့ NCA မှာပါရှိတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို နောက်နှစ်ဇန်နဝါရီလ ပထမပတ်အတွင်း စတင်မှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဇာဏီထွန်းက ကောက်နှုတ်တင်ပြထားပါတယ်။

တဆက်တည်း ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

 

ကွန်မင့်များ (2)
Share

TIN HTUT

"STOP DIVIDED NATION AND GET UNITED NATION"
1-MYANMAR BECAME A DIVIDED NATION SINCE THE BRITISH USING THE "DIVIDED AND RULED"
FOR ABOUT 120 YEARS.
2-MYANMAR HAVE CIVIL WARS FOR 65 YEARS AND
KILLED THOUSAND AND THOUSANDS OF PEOPLE.
3-PEOPLE ARE SUFFERING TO MUCH FOR THREE GENERATION.
4-BETTER STOP DEMANDING TO MUCH TERMS AND CONDITIONS AND SIGN THE TOTAL TREATY.
5-PEOPLE TIRED TO SEE GUNS AND FIGHTERS.
WITH MYITTA

Sep 15, 2015 09:57 PM

ပေါင်​ချိန်

အောင်​မြင်​ပီး တိုင်းပြည်​​အေးချမ်းပါ​စေ

Sep 15, 2015 08:06 AM

ဆိုက်တခုလုံးသို့