တနသာၤရီတိုင်းဝန်ကြီးချုပ် လျှပ်စစ်မီတာခလျှော့ရေး ညှိနှိုင်း

တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်ဟာ ကျွန်းစု မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဝန် ထမ်းတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဒေသခံရပ်မိရပ်ဖတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး လျှပ်စစ်မီတာခ သက်သာအောင်ဆောင် ရွက်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို ၂၀၁၆ မေလ ၃ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - မြိတ်ပုလဲမြေ ဖေ့ဘုတ်

တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်ဟာ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဒေသခံရပ်မိရပ်ဖတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး လျှပ်စစ်မီတာခတွေ သက်သာအောင်ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။

ကိုယ်ထူကိုယ်ထစနစ်နဲ့ လျှပ်စစ်မီးသုံးနေရတာကြောင့် တစ်ယူနစ် ကျပ် ၃၀၀ နီးပါးလောက်ပေးနေရပြီး ကျပ် ၂၅၀ လောက်ထိ မီတာခတွေလျှော့ချပေးနိုင်ဖို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနဲ့ ညှိနှိုင်းပေးခဲ့တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော် က ပြောပါတယ်။

"လျှပ်စစ်မီးကတော့ ကိုယ်ထူကိုယ်ထပေါ့နော် သူတို့ဒေသက ဒီဇင်အင်ဂျင်နဲ့ လည်နေတယ် ဆိုတော့ ဈေးကြီးနေတာပေါ့နော်၊ မရတာမဟုတ်ဘူး လျှပ်စစ်မီးရတယ်၊ ဈေးများနေတာပေါ့နော်၊ တစ်ယူနစ်ကို ၃ဝဝ လောက်ရှိတယ်၊ ၂၅ဝ ဖြစ်အောင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနဲ့ အန်တီတို့ ညှိနှိုင်းပေးခဲ့တယ်"

လက်ရှိမှာ ဒီဇယ်အင်ဂျင်ကို အသုံးပြုပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ လျှပ်စစ်မီးသုံးနေရတာကြောင့် ဈေးနှုန်း များနေတာဖြစ်ပြီး မိုးရာသီမှာ ရေအားလျှပ်စစ်အသုံးပြုပြီး တစ်လှည့်စီပေးနိုင်ဖို့ စီစဉ်ပေးနေတယ်လို့ လည်း  ပြောပါတယ်။

ဒါ့အပြင် ကျွန်းစုမြို့နယ်မှာ ရေရှားပါးမှုတွေ ကြုံတွေ့နေရတာကြောင့် မီးသတ်ကားတွေနဲ့ ရေပေးဝေတာတွေ၊ အရပ်ဘက်အဖွဲ့တွေက ရေပေးဝေတာတွေ ရှိနေပေမယ့် ရေအခက်အခဲဖြစ်နေကြောင်း ဒေသခံတွေက ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

တနသာၤရီတိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော် ရပ်နားထားချိန်မှာ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတာဖြစ်ပြီး ကော့သောင်းနဲ့ မြိတ်မြို့နယ် အတွင်း ကျေးရွာတွေက ဒေသခံတွေနဲ့လည်း မေလ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org