တိုင်းရင်းသားအရေးကို အစိုးရသစ် မဖြေရှင်းနိုင်ကြောင်း ဝေဖန်
လက်ရှိအစိုးရသစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်သလို တိုင်းပြည်ရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အနှစ်ချုပ် စာတမ်းတစောင် မတ်လ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
-
2011-03-31 -
-
-
Your browser doesn’t support HTML5 audio
စစ်အစိုးရရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တိုင်းရင်းသား လူမျိုးစုတွေအတွက် အာမခံချက် တစုံတရာ မပါဝင်တဲ့အတွက် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာဖို့ တောင်းဆို လှုပ်ရှားတဲ့အနေနဲ့ ဒီစာတမ်းကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ မဇိုရာဖန်းက ပြောပါတယ်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာပြည် အခြေအနေကို ဒီထက်ပိုပြီးတော့ နားလည်ဖို့၊ ပြီးတော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခြေအနေကိုလည်း နားလည်ဖို့၊ တဆက်တည်းမှာပဲ မြန်မာပြည် အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှု၊ ပြီးတော့ တည်ငြိမ်မှု ရနိုင်အောင် အဲဒါ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လိုအပ်တဲ့ ဖက်ဒရယ် အခြေခံ ဥပဒေတခု ဖြစ်မြောက်လာဖို့အတွက်လည်း အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ဖို့ပေါ့နော်၊ ကျွန်မတို့ အဓိက ဖြစ်ပါတယ်။”
တိုင်းရင်းသား အခွင့်အရေးတွေကို စစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အတွက် တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနေရကြောင်း၊ ဒါကြောင့် လက်ရှိ အစိုးရသစ် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကလည်း တိုင်းပြည်ကို ငြိမ်သက်အောင် လုပ်နိုင်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
Burma Campaign UK က ထုတ်ပြန်လိုက်တဲ့ ဒီစာတမ်းနဲ့ ပတ်သက်လို့ RFA မှ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |