တိုင်းအဆင့် NLD ဆွေးနွေးပွဲဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ ထောက်ခံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြည်သူ့ဆန္ဒသဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ ကျင်းပရာ တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းက ပြင်ဆင်ဖို့ လိုကြောင်း ထောက်ခံခဲ့ကြပါတယ်။

NLD ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒသဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ နိုဝင်ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့စဉ် photo: RFA/ Kyaw Zaw Win

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြည်သူ့ဆန္ဒ သဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ ကျင်းပရာ  တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်း က ပြင်ဆင်ဖို့လိုကြောင်း ထောက်ခံခဲ့ကြပါတယ်။

အဲဒီ ပြည်သူ့သဘောထား ရယူရေးပွဲကို လူဦးရေ နှစ်သောင်းနီးပါး တက်ရောက်ခဲ့ပြီး ထောက်ခံမှု ရယူခဲ့တာလို့ အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အတည်ပြု ကြေညာပေးခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍ များနေတာတွေ ရှင်းပြခဲ့သလို ပြီးခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းကိုလည်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဆန္ဒခံယူပွဲမှာတက်ရောက်သူ လူဦးရေ နှစ်သောင်းနီးပါးထဲက အနည်းစုလောက်ကသာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရေးကိုသာ ထောက်ခံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org