NLD ပြန်လည်ဖွဲ့စည်းရေးမူကြမ်း ဗဟို EC အဖွဲ့ အတည်ပြု


2016.06.05
nyanwin-nld-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်လည်ဖွဲ့စည်းရေး အင်အားဖြည့်တင်းရေးမူကြမ်းကို နေပြည်တော်မှာ ပြုလုပ် တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့တယ်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲရောက်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနေရာမှာ ပြန်လည်အင်အားဖြည့်တင်းဖို့ ရည်ရွယ်တာလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ပြန်လည်ဖွဲ့စည်းရေးမူကြမ်းတစ်ခု အတည်ပြုပါတယ်၊ ပြန်လည်ဖွဲ့စည်းရေးဆိုတာ ကျနော်တို့မှာ အင်အားလျော့နေတာတွေရှိတယ်လေ၊ အဲ့ဒါတွေအတွက် မူကြမ်းတစ်ခု ကျနော်တို့ ထုတ်ဖို့ဆိုပြီး ကျနော်တို့ စဉ်းစားကြတယ်၊ ပြောလို့မရသေးဘူး မထွက်သေးတော့လေ၊ ထွက်ပြီးရင်တော့ ကျနော်တို့ ကော်ပီပေး မှာပေါ့"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ပြန်လည်ဖွဲ့စည်းရေးမူကြမ်းကို အတည်ပြုနိုင်ပြီဖြစ်ပေမယ့် အသေးစိတ်အချက် အလက်တွေကိုတော့ မနက်ဖြန် ဇွန်လ ၆ ရက်နေ့မှ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

အဲ့ဒီမူကြမ်းမှာ NLD ပါတီ မြို့နယ်အဆင့်၊ ခရိုင်နဲ့ တိုင်းအဆင့် လစ်လပ်နေတဲ့ နေရာတွေနဲ့ အင်အားလျော့သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနေရာမှာ လူအင်အားဖြည့်တင်းသွားဖို့ လမ်းညွှန်ချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၈၈၆ ယောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။