မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပြည်သူလူထုသဘောအတိုင်းပဲလို့ NLD ပြော
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ သဘောထားအတိုင်းဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
-
2019-01-13 -
-
-
NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA
Your browser doesn’t support HTML5 audio
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ သဘောထားအတိုင်းဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီရုံးချုပ်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီး RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ကချင်နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းထားတဲ့ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး အဲဒီတွေ့ဆုံမှုမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ဖမ်းဆီးခံထားရတဲ့ ကချင်လူငယ်တွေအရေး ဆွေးနွေးနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။