ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းသစ် ဆွေးနွေးတိုင်ပင်မယ်
2011.11.24
အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း စပ်ဆိုမည့် ဂီတပညာရှင် ကိုရဲလွင်နှင့် တေးသံရှင်များကို ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် စင်တင်တေးဂီတဝိုင်းတွင် အတူတွေ့မြင်ရစဉ်။
NLD
အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် စပ်ဆိုဖို့ ဂီတပညာရှင်တွေ ဖြစ်ကြတဲ့ မစ္ဇျိမလှိုင်း ကိုရဲလွင်၊ ကိုသားထွေး ၊ ဆောင်းဦးလှိုင်နဲ့ အခြားဂီတ ပညာရှင်တွေအပြင် အဆိုတော်တွေဖြစ်ကြတဲ့ အနဂ္ဂ၊ သံသာဝင်း၊ မီးမီးခ၊ဲ ထူးအယ်လင်းနဲ့ တခြား အဆိုတော်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
၁၉၉၀ မေလ ရွေးကောက်ပွဲ ကာလတုန်းက အင်န်အယ်လ်ဒီ ပါတီရဲ့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း နာမည်ကြီးခဲ့ပါတယ်။









