NLD ဥက္ကဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ၊ အသက် (၉၉) နှစ်ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၃ရက်၊ တနင်္ဂနွေနေ့ည ၉ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ ပုံ .

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ၊ အသက် (၉၉) နှစ်ဟာ  ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၃ရက်၊ တနင်္ဂနွေနေ့ည ၉ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးအောင်ရွှေ ဟာ သြဂုတ်လ ၁၁ ရက်နေ့က ဆေးရုံတက်ရောက်ခဲ့တာပါ။ မနေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး၊ ဒုသမ္မတ ဦးဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် တို့ ဦးအောင်ရွှေကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဦးအောင်ရွှေဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော် ခေတ်အဆက်ဆက် မှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် တောင်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းနေချိန်မှာ တပ်မတော်ကနေ အငြိမ်းစားပေးခံခဲ့ရပါတယ်။

NLD ပါတီ စတင်ဖွဲ့စည်းချိန်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ်ပါဝင်ခဲ့ပါတယ် ။၂၀၁၀ပြည့်နှစ်မှာ ပါတီဥက္ကဌ အဖြစ် တာဝန်ယူခဲ့ဝပီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် အမှတ်၁ မဲဆန္ဒနယ်ရဲ့ ရွေးကောက်ခံအမတ် လည်း ဖြစ်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ သား ၃ ဦးနဲ့ သမီး ၃ ဦး ကျန်ရစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org