အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေ ကွန်ရက် ဖွဲ့စည်းရေးစတင်

ရှေ့နေကွန်ရက် ဖွဲ့စည်းဖို့ စတင် ဆောင်ရွက်တဲ့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးအောင်သိန်းနဲ့ မန္တလေးတိုင်းအတွင်းက လူငယ် ဥပဒေပညာရှင် ၁၅ ဦးခန့် ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2011-01-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း။ (Photo:RFA)
တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း။ (Photo:RFA)
(Photo:RFA)
မန္တလေးတိုင်း အတွင်းက NLD အဖွဲ့ဝင် နဲ့ အဖွဲ့ ဝင်မဟုတ်တဲ့ လူငယ် ဥပဒေပညာရှင်တွေနဲ့ မန္တလေး NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းတန်ရဲ့ နေအိမ်မှာ တွေ့ဆုံတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ပြောဆိုထားတဲ့ လူငယ်ကွန်ရက် ဖွဲ့စည်းရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒီဆွေးနွေးပွဲကို စတင် အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အဝန်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဥပဒေအကြံပေး ဦးအောင်သိန်း က ပြောပါတယ်။

ဗဟိုတရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့