ပြည်သူ့စစ်မှုထမ်းဥပဒေကို NLD လူငယ်ကန့်ကွက်

စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြဌာန်းဖို့ မသင့်သေးတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) က ဇန်နဝါရီ ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
2011-01-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။
AFP

ဒီဥပဒေကြောင့် ပြည်တွင်း လူငယ်ထုကြားမှာ စိုးရိမ်သောက ရောက်နေကြပြီး၊ တိုင်းပြည်အနာဂတ် အတွက် ဆိုးဝါးစေနိုင်တယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ NLD လူငယ်တာဝန်ခံ (၁) ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ ကြောက်ကြလန့်ကြတာတွေ ရှိတာပေါ့။ တချို့ကျတော့လည်း စစ်မှုမထမ်းရအောင် ထွက်ပြေးမယ်ပေါ့။ နောက်လူငယ်တွေကျတော့လည်း ဘာဖြစ်လဲ သေနတ်ရလို့ရှိရင် သေနတ်ပြောင်း ပြန်လှည့်မယ်ပေါ့။ ပြန်ချမယ်ပေါ့။ ဒါမျိုးလေးတွေ ကျွန်တော်တို့ မြင်ရတယ်။ ဒါရှေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ လက္ခဏာလေးတွေ တွေ့ရတယ်ဗျ။ ဒီဟာကြောင့် ကျွန်တော်တို့က ဒီဥစ္စာကို ကျွန်တော်တို့အနေနဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတာပါ။”

မြန်မာနိုင်ငံအတွက် စစ်မှု မထမ်းမနေရ ဥပဒေ တကယ်လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ပညာရှင်တွေက လိုအပ်တယ်လို့ ယူဆရင်တောင် ပြည်သူ့ဆန္ဒ တောင်းခံပြီးမှ ပြဌာန်းသင့်တယ်လို့လည်း NLD လူငယ်အဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အလားအလာ တွေ့ရတယ်လို့လည်း ဝေဖန်သုံးသပ်ထားပါတယ်။

စစ်အစိုးရဟာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြည့်သူ့ စစ်မှုထမ်း ဥပဒေလို့ နာမည်တပ်ပြီး နိုင်ငံတော် ပြန်တမ်းအဖြစ် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

အမှန်တကယ်ပြောရရင်ဖြင့်
မပြန်နိုင် ဒီမြေခြားမှာပ
အောင်မြင်အောင်ကြိုးစားရမှာမို့
မဆည်နိုင်မျက်ရည်မိုးရွာချ
နာကျင်စွာရင်မှာနင့်ပေမယ့်
ဖြေနိုင်အောင်ကြိုးစားရင်းနဲ့ပေါ့...........
ပြန်မယ်လို့ဆုံးဖြတ်မိတဲ့သကာလ
ဒီခါမယ်ကြားလိုက်ရတာက
မည်သူမဆိုလုပ်မှဖြစ်မယ်တဲ့
ဒီလူကိုတောထဲပို့မှာလား
ဥပဒေရယ်အဲ့လိုမျိုးပေမို့
သယ်ရင်းတို့ ရေ.......
ဝိုင်းပြီးဆန့်ကျင်ကြစို့.............။။။။။။

Mar 07, 2011 12:39 PM

ဆိုကျတခုလုံးသို့