အကြမ်းဖက်လုပ်ရပ် လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း NNER ပြော

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည် သူတွေကို တာဝန်စာသားပါ အမည်မသိ လက်ပတ်နီ အရပ်ဝတ်တွေက လက်နက်နဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုတဲ့ အပြင် လေးပွင့်ဆိုင်သဘောတူညီချက်တွေကိုလည်း ဖောက်ဖျက်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NNER အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် Photo: Thiha Tun/ RFA

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို တာဝန် စာသားပါ အမည်မသိ လက်ပတ်နီအရပ်ဝတ်တွေက လက်နက်နဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းတဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုတဲ့အပြင် လေးပွင့် ဆိုင် သဘောတူညီချက်တွေကိုလည်း ဖောက်ဖျက်တဲ့ အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NNER အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေကြောင်း ၊ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် ဝိုင်းဝန်း တားဆီးပေးဖို့ တောင်းဆိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံရုံးများအနေနဲ့ မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာထောက် ထားသောအားဖြင့် ဝိုင်းဝန်းကူညီဖြေရှင်းပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း NNER အဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org