လွှတ်တော်တွင်းမှာ ငြင်းခုံခွင့် မရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်ထဲမှာ အငြင်းအခုံကိစ္စတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။ လွှတ်တော် စတင် ဖွင့်လှစ်ခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးခင်အောင်မြင့်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

2011.02.01
parliament_2011_seats_305_z.png နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
Photo: AFP/MRTV 4

စကားပြောကောင်းတဲ့သူက ပိုပြီးငြင်းခုံနိုင်မှာဖြစ်လို့ ငြင်းခုံခြင်းအားဖြင့် အချိန်ကုန်မခံနိုင်ကြောင်း၊ ငြင်းခုံနေလို့ အလုပ်ဖြစ်မှာ မဟုတ်တဲ့အတွက် အငြင်းအခုံတွေကို ခွင့်မပြုကြောင်း မြန်မာ့အသံက လွှင့်သွားတဲ့ သူ့ရဲ့မိန့်ခွန်းကို နားထောင်လိုက်ရသူတဦးက ပြောပါတယ်။

“အဲဒီ လွှတ်တော်ထဲမှာ ငြင်းခုံနေလို့ရှိရင် စကားပြောကောင်းတဲ့လူက ပြောနေရင် စကားနိုင်လုနေမယ်၊ အဲလိုမျိုးပေါ့၊ တမျိုး ဖြစ်သွားမယ်ပေါ့။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောနေတာ ဝိုင်းရယ်နေတာပေါ့၊ အဲဒီမှာ ဟာသဖြစ်နေတာ။ လွှတ်တော်ကြီး လုပ်နေပြီး တကဲ့ ကလေးအဆန်ဆုံး အကွက်ဖြစ်နေတယ်။”

တနင်္ဂနွေညနေပိုင်းက ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ အဲဒီ ပြောကြားချက်ကြောင့် လူအတော်များများ စိတ်ပျက် ဒေါသထွက်ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ယဉ်ကျေးမှုုဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးခင်အောင်မြင့်ဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သဘောထား တင်းမာသူ တယောက်အဖြစ် တွေ့ရတယ်လို့ ပြည်တွင်း သတင်းစာဆရာတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။