မူဆယ်ဆွေးနွေးပွဲ အပစ်ရပ်ကာလသတ်မှတ်ချက်အပေါ် အထောက်အကူပြုမယ်လို့ ဦးဇော်ဌေးပြော

2019-04-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kan Thar/RFA

ဒီနေ့ မူဆယ်တွေ့ဆုံဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရရှိခဲ့တဲ့အတွက် တပ်မတော်ရဲ့ အပစ်ရပ်ကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဒီနေ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တရား ၀င်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်ဖက်သံသယတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့သလို မေလ တတိယအပတ်လောက်မှာ ထပ်မံတွေ့ဆုံနိုင်ဖို့ ယာယီ သဘောတူခဲ့ကြတယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့  မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PSLF/TNLA၊ ရက္ခိုင့်တပ်တော် ULA/AA နဲ့ MNDJP/MNDAA ကိုးကန့်အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့တာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP အပြင် မိုင်းလားအဖွဲ့  ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့