တစညပါတီနဲ့ အလုပ် သမားတွေ တွေ့ဆုံ

2015-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ် ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပစဉ်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ် ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပစဉ်
Photo: Kyaw Htoon Naing / RFA

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ရေးနဲ့ အလုပ် သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေ ရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) ပါတီကိုယ်စားလှယ်တွေ ဟာ အလုပ်သမားတွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲတွေကို တစည ပါတီကတဆင့် လွှတ်တော်တွေမှာ တင်ပြနိုင်ဖို့အတွက် ဒီကနေ့ ဆွေးနွေးကြတာဖြစ်တယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေသူ မမျိုးမျိုးအေးက ပြောပါတယ်။

"တို့အလုပ်သမားတွေ ပြောလိုက်တာကို သူတို့ပါတီမူဝါဒတွေရဲ့ ဘယ်အချက်တွေကို ကျင့်သုံးမယ်၊ ဘယ်အချက်တွေကိုတော့ လွှတ်တော်မှာ မေးခွန်းတွေနဲ့မေးမြန်း မယ်၊ ပြင်ဆင်ဖို့လိုတဲ့ ဥပဒေတွေရှိတယ်၊ ဒါတွေကိုထောက်ပြထားတယ်၊ သူတို့က အနည်းဆုံး ဘယ်လွှတ်တော်မှာ မေးခွန်းတွေကိုစမေးကြမှာလဲ၊ အရေးကြီးအဆိုတင်ကြမှာလဲ၊ အစိုးရကို ဘာတွေတိုက်တွန်းမလဲပေါ့၊ ဒါတွေပါတီကို ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် ပါတီကနေ ဆက်လက်ထုတ်ပြန်မှာပါ"

တစ်နေ့လုပ်အားခ ကျပ်လေးထောင်ရရှိရေး၊ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး စတဲ့အချက်တွေ ကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားတွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအပြင် တခြားနိုင်ငံရေးပါတီတွေနဲ့လည်း အလားတူတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့