အမေရိကန်သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု

2015-11-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။

သမ္မတ ဘာရက်အိုဘားမားက နိုဝင်ဘာလ ၁၁ရက်နေ့ ညကတယ်လီဖုန်းနဲ့ ပြောကြားလိုက်ကြောင်း အမေရိကန်သံရုံး က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်သောဇွဲ နဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့ ရလဒ်ကို အဖွဲ့အစည်းအားလုံးနဲ့ ပါတီအားလုံးက လက်ခံပြီးပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်မယ့် အစိုးရတစ်ရပ်ထွက်ပေါ် လာရေးဟာ အရေးကြီးကြောင်းနှစ်ဖက်ခေါင်းဆောင်တွေက ဆွေးနွေး ခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (2)
Share

မာတလိ

သိကြားမင်းက မြန်မာလို ပြောတတ်ရင် သူလည်း ဂုဏ်ပြုစကား ပြောလှာမှာပါ။

Nov 14, 2015 03:47 PM

Kyaw

နေရပ်- U.S.A

အောင်မြင်မှုသရဖူဆောင်လို့ ဂုဏ်ပြုထောပနာပြုကြတာ၊ ချီကျူးသြဘာပေးကြတာ၊ ဝမ်းသာစရာပါ။ ပြည်သူကရွေးချယ်တဲ့ ပြည်သူ့အစိုးရတစ်ရပ်ပေါ်လာအောင် လမ်းခင်းဆောင်ရွက်ပေးတဲ့ ပြည်သူအများ ထောက်ခံမှု့ မရတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရကိုလည်း ဂုဏ်ပြုထိုက်ပါတယ်။ အခုအောင်ပွဲးဟာ ပြည်သူတွေရဲ့အောင်ပွဲ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့အောင်ပွဲ၊ NLD ရဲ့အောင်ပွဲ၊ အထူးသဖြင့်စစ်အစိုးရရဲ့အောင်ပွဲပါဘဲ။ ဘာအတွက်စစ်အစိုးရရဲ့အောင်ပွဲလို့ပြောရသလဲ သူတို့ရဲ့ Road Map (၇) ချက်လုပ်ဆောင်ချက်များ အောင်မြင်မှုပဲါဘဲ။ သူတို့အတွက် ကောင်းမွန်တဲ့ ထွက်ပေါက် ရသွားကြပြီဘဲ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်သူနဲ့တစ်သားတည်း ရေလိုငါးလိုဖြစ်အောင် ပြည်သူ့ဆန်ဒတွေကို လေးစားလိုက်နာ ပွင့်လင်းမြင်သာမှု့ အပြည့်နဲ့ တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်မယ်ဆိုရင် ပြည်သူလေးစား ချစ်ခင်မြတ်နိုးတဲ့ပါတီကြီး တစ်ပါတီ အနေနဲ့ အမေရိကန်ပြည်ထောင်စုလို ဆက်လက်ရပ်တည် နိုင်ပါတယ်။ ရှင်းရှင်းနဲ့ဘွင်းဘွင်းပြောရရင် အတွေး အခေါ် အယူအဆဟောင်းတွေကို စွန့်လွှတ်ပြီးတော့ သူရဦးရွှေမန်းလို့ စိတ်ဓါတ်မျိုးမွေးနိုင်ကြရင် ထားနိုင်ကြရင် လူဝမ်းသာရှင်အားရ ဖြစ်လာဖို့ဟာ မြေကြီးလက်ခတ်မလွဲပါ။ NLD အနေနဲ့ ပြည်သူ့ဆန်ဒနဲ့ အညီ၊ တိုင်းရင်းသားညီကိုမောင်နှမတွေရဲ ဆန်ဒအညီးရေးဆွဲထားတာမဟုတ်တဲ့ ၂၀၀၈ ခုနှစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌ်ါန်းချက်နဲ့အညီ တိုင်းပြည်ပြုပြင် တိုးတက်ကြီးပွါးအောင် လုပ်ဆောင်ရမယ့် အတွက့်စစ်တပ်နဲ့ အဆင်ပြယ်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ ရှေ့မှာစိမ်ခေါ်မှုအမျိုးမျိုး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ဖြေရှင်းရတော့မယ်။K

Nov 13, 2015 11:20 AM

ဆိုက်တခုလုံးသို့