မွတ်စလင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ဘန်ကီမွန်းကို OIC တောင်းဆို

အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေ ရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးကိုပြောင်းနေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလဲ ထိခိုက်စေတယ်လို့ဆိုပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ပုလဲနံပသင့်နေပြီ ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် မြန်မာနိုင်ငံမှာနေထိုင်တဲ့ မွတ်စလင်ဒုက္ခသည်တွေက စတေးခံနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗီယားသံအမတ်ကြီးက ပြောပါတယ်။

မနေ့ ကဗုဒ္ဓဟူးနေ့ မှာတော့ ဆော်ဒီအာရေဗီယားသံအမတ်ကြီးအပါအဝင် အခြား OIC အဖွဲ့ဝင်တွေက မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက မွတ်စလင်တွေကိစ္စ ဖိအားပေးဖို့ ပြောဆိုကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဂျီဘူတီနိုင်ငံသံအမတ်ကြီးလဲဖြစ်၊ OIC အဖွဲ့ခေါင်းဆောင်လဲဖြစ်တဲ့ Roble Olhaye ကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသုတ်သင်နေတာရပ်တန့်အောင် ကုလသမဂ္ဂကဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org