မဲပုံးတွေကို ဖွင့်ဖေါက်


2015.11.08
ballot-box-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပုံးတွေ ဖွင့်ဖောက်နေတာကို တွေ့ရစဉ်
Photo: Aung Kyaw Moe(NLD)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မဲပုံး ၃ပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေက ဖွင့်ဖေါက်လိုက်တဲ့အတွက် မြို့နယ်ကော်မရှင်တာဝန်ရှိသူတွေ နဲ့ အန်အယ်လ်ဒီ ပါတီက တာဝန်ရှိသူတွေ မနေ့ညက ဆွေးနွေးခဲ့ကြပါတယ်။

လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာကနေ သယ်ဆောင်လာတဲ့ မဲပုံး ၃ ပုံးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ကော်မရှင်ရုံးအနီးက အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်တာဖြစ်ပါတယ်။

အဲဒီ မဲပုံး ၃ပုံးထဲက ပြည်သူ့လွှတ်တော်မဲပုံးကို ဖွင့်ဖေါက်ထားပြီး မဲထည့်တဲ့ စာအိတ်တွေလည်း ပွင့်နေတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူကူးတဲ့ဆိုင်တစ်ဆိုင်မှာ ကြိုတင်မဲလို့ ယူဆရတဲ့ မဲလက်မှတ်တွေ ကို ကော်နဲ့ကပ်နေတဲ့ ဗီဒီယိုဖိုင်ကို အာအက်ဖ်အေ က ရရှိခဲ့ပါတယ်။ အဲဒီဆိုင်မှာ ကော်နဲ့ကပ်နေတဲ့ ကြိုတင်မဲတွေဟာ ဘယ်ကမဲတွေလည်းဆိုတာ မသိရှိရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။