မြန်မာအလုပ်သမား ၅၀၀ ကျော် ထိုင်းစက်ရုံကို ဆက်လက် ဆန္ဒပြနေ

ထိုင်း လာအိုနယ်စပ် ခေါန်ကန်မြို့မှာ ရှိတဲ့ ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော်က ယာယီ နိုင်ငံကူးလက်မှတ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ဆက်လက် ဆန္ဒပြနေကြပါတယ်။

0:00 / 0:00

အဲဒီစက်ရုံက မြန်မာအလုပ်သမား ၆ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က အလုပ်က ထုတ်လိုက်ရာက စတင်ပြီး မနေ့က အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံရသူတွေက လုပ်ခလစာနဲ့ တခြားနေရာမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ယာယီနိုင်ငံကူးလက်မှတ်ကို ပြန်လည် တောင်းယူရာမှာ အဲဒီပတ်စ်ပို့စာရွက်တွေမှာ ပြင်ဆင်ချက်တွေ၊ ဓာတ်ပုံအပြောင်းအလဲတွေကို တွေ့ရတဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြကြတာ ဖြစ်တယ်လို့ အလုပ်ထုတ်ခံလိုက်သူတဦးက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေက သူတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ် အစစ်အမှန်ကို လိုချင်ကြောင်း တောင်းဆိုချက်ကို အလုပ်ရှင်က ဘာမှ မတုံ့ပြန်ခဲ့ပဲ သုံးရက်အတွင်း အလုပ်ပြန်ဆင်းဖို့ ပြောဆိုခဲ့ကြောင်း မလိုက်နာပါက ဖမ်းဆီးပြီး မဲဆောက်ကို ပြန်ပို့မယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြအလုပ်သမားတွေက ထိုင်းနိုင်ငံ ဗန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) ကို အကူအညီ တောင်းခံခဲ့ပြီး BAT ကတဆင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MAP foundation အဖွဲ့၊ ရောင်ခြည်ဦးအဖွဲ့တို့က အလုပ်ရှင်နဲ့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတဦးဖြစ်တဲ့ ကိုသီဟထွန်းကို RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်