နှစ်သစ်ဦးကျိန်စာရေးသားသူ ပန်းချီဆန်းဇော်ထွေးကို ဖမ်းဆီး

2015-04-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နှစ်သစ်ဦးကျိန်စာဆိုပြီး အိမ်ရှေ့မှာ ရေးသားထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်လူတချို့က ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကနေအိမ်မှာ ကိုဆန်းဇော်ထွေး တစ်ယောက်တည်းရှိစဉ် ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကိုဆန်းဇော်ထွေးရဲ့ အကိုဖြစ်သူက ဦးဆန်းလှိုင်က ပြောပါတယ်။

"သူက သင်္ကြန်နှစ်သစ်ကူးဆိုတော့ နှစ်သစ်ကူးသဝဏ်လွှာ စာရေးတယ်၊ ကျန်းမာပါစေ ဆိုတာမျိုးရေးပြီး သွားရင် အောက်ကနေ ကျောင်းသားလူငယ်တွေကို နှိပ်စက်သတ်ဖြတ်တဲ့ ရဲနဲ့ စစ်တပ်တွေကိုတော့ တစ်မျိုးပေါ့ဗျာ သူကရေးလိုက်တာ၊ အဲ့ဒါကြောင့်နေမယ် သူတို့မနေ့က ဓါတ်ပုံတွေလာရိုက်ကြတယ်ပြောတယ်၊ ဒီနေ့တော့ လာခေါ်သွားတယ်ပြောတယ်၊ အကြမ်းဖျင်းသိတာကတော့ ရဲကားနှစ်စီးပါတယ်၊ သူ့ကိုတင်သွားတာကတော့ အရပ်ကားနဲ့ တင်သွားတယ်လို့ပြောတယ်၊ အရပ်ကားဆိုတော့ ထောက်လှမ်းရေးခေါ်သွားတဲ့ သဘောမျိုးဖြစ် မလားမသိဘူး"

သုဝဏ္ဏမြို့နယ်မှာနေထိုင်သူ ကိုဆန်းဇော်ထွေးဟာ သူ့ရဲ့နေအိမ်ရှေ့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ ကူညီသူတွေ ပြန်လည်လွတ်မြောက်ဖို့ နှစ်ဦးဆုတောင်းအဖြစ် ရေးသားထားသလို နှစ်သစ်ဦးကျိန်စာဆိုပြီး အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးကြုံတွေ့ပါစေလို့ ရေးသားထားတာ ဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သုဝဏ္ဏမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ သူတို့ဖမ်းဆီးတာမဟုတ်ကြောင်း ဖြေကြားပါတယ်။

သူဟာ လန်ဒန်မြို့မှာကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီအနုပညာပြိုင်ပွဲမှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီပုံဖော်ခဲ့တာကြောင့် ပထမဆုရရှိခဲ့သူဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ဗကသ ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ တာကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

Shwe Kyay

နေရပ်- Myanmar

မှန်နေတော့ ဆတ်ဆတ်ထိ မခံနိုင်ဘူး။ ကိုယ်မှန်ရင် ဘာစိတ်ပူနေလဲ။ ကိုယ်မမှန် လို့ ပေါ့။

Apr 15, 2015 07:50 PM

(

1-DEMOCRACY AND FREEDOM OF PRESS,MEDIA AND SPEECH IS NOT LIKE LICENSE GIVEN TO JAMES BOND 007.THAT IS LICENSE TO ATTACK OR KILL.
2-BUT LOT OF PEOPLE MISINTERPRET AND LIKE TO MISUSE THE DEMOCRACY AND HUMAN RIGHTS.
3-PEOPLE HAVE NO RIGHT TO INSULT ANYBODY.
4-PEOPLE HAVE THE RIGHT TO PROTEST AGAINST THE GOVERNMENT UNDER THE CONSTITUTIONAL RIGHT.
5-PEOPLE CAN STRIKE THE GOVERNMENT AUTHORITY AND PRIVATE AUTHORITY FOR THEIR
GRIEVANCES BUT PEOPLE HAVE NO RIGHT TO CAUSE RIOTS AND CIVIL COMMOTIONS.
6-PEOPLE NEED TO LEARN AND UNDERSTAND DEMOCRACY, HUMAN RIGHTS, CONSTITUTIONAL RIGHTS.
7-PLEASE DO NOT IGNORE OR FORGET THE NATIONAL INTERESTS AND SECURITY.
8-THE NATIONAL INTEREST, SECURITY, PUBLIC SAFETY AND COUNTRY SHOULD ALWAYS COME FIRST AND OVERRULE DEMOCRACY AND HUMAN RIGHTS.
TIN HTUT

Apr 14, 2015 05:07 PM

သိတယ်နော်

ကျိန်တာက ၀စီကံ ပါ။
ရေးတာက ကာယကံ ပါ။
(မတူလို့ မထိရောက်နိုင်ပါဘူး)

Apr 14, 2015 03:32 PM

အမည်မဖော်လိုသူ

ဒကာတို့ရေ
“ပြုသူ အသစ် ၊ ဖြစ်သူ အဟောင်း” တဲ့။
ကံရဲ့အကျိုးးကို ပြုသူက ခံရစမြဲပါ။
“သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှု” ရှိနေပါတယ်။

Apr 15, 2015 04:00 PM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

တကယ်တန်း လူတွေစိတ်ထဲတွေးနေတာ၊ ဖြစ်ချင် လုပ်ချင်နေတာသာ သူတို့ သိရင် ဖမ်းလို့ မပြီး၊ ထားစရာ မလောက် ဖြစ်ကုန်မယ်။ လူ ၁၀၀ မှာ ၉၀ လောက်က သူတို့ကို သံသရာနဲ့ ချီခံရအောင် ကျိန်ဆဲနေကြတာ။ အဲသည်ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာလဲ ၈ ရာခိုင်နှုန်းလောက်က သူတို့ ပေးကျွေးထားလို့ အစားချောင်လို့ ဘက်လိုက်ပေးနေတာ။ မပေးလို့ကတော့ ပြန်ကလော်တုတ်မဲ့ 'တာဝန်' တွေ၊ စွမ်းအားရှင်တွေဖြစ်မယ်။

Apr 14, 2015 03:16 PM

အမည်မဖော်လိုသူ

သတင်းများအားလုံးကောင်းပါတယ်။
တော်လည်းတော်ကြပါတယ်။

Apr 14, 2015 02:44 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့