မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ တပ်မ (၁၀၁ ) ကို ဇန်နဝါရီလ ၄ ရက် မနေ့ ည ၈ နာရီခန့်က ရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဲဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပခုက္ကူမှာ အခြေစိုက်တဲ့ တပ်မ ( ၁၀၁) ဟာ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်းထဲက ကျောက်ထု၊ ဆော၊ ဂန့်ဂေါဘက် ယောနယ်ကို စစ်ဆင်ရေးလုပ်နေပြီး ယောဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။