ပလက်ဝ စစ်ဘေးဒုက္ခသည် ၂၅၀ ကျော် စားနပ်ရိက္ခာ အခက်အခဲရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ် မောင်ဝနဲ့ ကျောက်ဖြူကျေးရွာအနီး တိုက်ပွဲတွေကြောင့် သဲမဝရွာကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၂၅၀ ကျော်တို့အတွက် စားနပ်ရိက္ခာပို့ပေးဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မြေပုံ MIMU Map

ချင်းပြည်နယ် ပလက်ဝမြို့နယ် မောင်ဝနဲ့ ကျောက်ဖြူကျေးရွာအနီး တိုက်ပွဲတွေကြောင့် သဲမဝရွာကို ထွက်ပြေးလာ ကြတဲ့ စစ်ဘေးဒုက္ခသည် ၂၅၀ ကျော်တို့အတွက် စားနပ်ရိက္ခာပို့ပေးဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ကူညီပေး သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကစပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် သဲမဝရွာကို ထွက်ပြေးလာကြ တာဖြစ်ပြီး သူတို့ဆီရိက္ခာပို့ဖို့အတွက် လမ်းခရီးလုံခြုံရေးအရ ပို့ပေးလို့မရဖြစ်နေရတာလို့ ခူမီးမျိုးနွယ်စုရေး ရာပေါင်းစပ်ညှိနှိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

အဲဒီရွာကို ရေလမ်းခရီးကနေ ၆ နာရီလောက်သွားရပြီး ကားလမ်းအနေနဲ့ ၃ နာရီကြာသွားရတဲ့ နေရာဖြစ်ပါတယ်။

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ဒီဖက်ကလည်း သွားမပို့ရဲ ဟိုဖက်ကလည်း လာမယူရဲတဲ့ အခြေအနေဖြစ်နေ တယ်လို့ ပြောပါတယ်။

မနေ့ကအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းအချိန်အထိတော့ ငြိမ်နေတယ်လို့လည်း ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org