ပန်လုံကျေးရွာမှာ ပျက်စီးမှု များပြား


2016.12.23
panlon-house-620.jpg ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ မီးလောင်ပျက်စီးနေတဲ့ နေအိမ်တစ်လုံးကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး သေဆုံး သူ အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာသား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

RCSS/SSAနဲ့TNLA တပ်တွေ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာဖြစ်ပြီး အခုတော့ ထွက်ပြေးကြရတဲ့ ကျေးရွာ သားတချို့ ပြန်လည်ရောက်ရှိလာပါတယ်။

ပန်လုံကျေးရွာမှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ မန်ကျန်ဘုန်းကြီးကျောင်းလည်း လက်နက်ထိမှန်ထား တာတွေကို တွေ့ရကြောင်း အဲဒီကျေးရွာကို ရောက်ရှိခဲ့တဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ဒီနေ့အထိ ကျေးရွာသားတွေ ထွက်ပြေးနေရဆဲဖြစ်ပြီး သီပေါမြို့မှာ ခိုလှုံနေကြရပါတယ်။ သီပေါမြို့မှာ အခုဆိုရင် ဒုက္ခသည် ၁၈၀၀ ကျော်အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။