ကင်ဆာကာကွယ်ဖို့ တိုက်တွန်းကြောင်းအဆို လွှတ်တော် အတည်ပြု

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးကာကွယ် စောင့်ရှောက်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် .

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးကာကွယ် စောင့်ရှောက်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ခြောက်ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စေတုတ္ထရာ မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရေး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ကိစ္စတွေ ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးကာကွယ်စောင့်ရှောက်ရေး နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ခံဆွေးနွေးခဲ့ပြီး အတည်ပြုလိုက် တာဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပွားမှုများတဲ့ အခြေအနေ ၃ ပုံ ၁ ပုံဟာ ကြိုတင်ကာကွယ်နိုင်တဲ့ အနေအထားရှိတာကြောင့် အစိုးရအနေနဲ့ ကာကွယ်တားဆီးဖို့ တိုက်တွန်းတာဖြစ်ကြောင်း အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် စာရင်းတွေအရ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၁၈ ဒသမ ၁ သန်း ကင်ဆာရောဂါဖြစ်ပွားနေတာကြောင့် ၉ ဒသမ ၆ သန်း သေဆုံးခဲ့ပြီး ကမ္ဘာပေါ်မှာ သေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်ကြောင်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org