အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ လုပ်ငန်းကာလ တစ်လတိုးမြှင့်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေကိုလေ့လာပြီး အစီရင်ခံစာ တင်သွင်းရမယ့်အချိန်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက တစ်လသက်တမ်းတိုးမြှင့် လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေကိုလေ့လာပြီး အစီရင်ခံစာ တင်သွင်းရမယ့်အချိန်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက တစ်လသက်တမ်းတိုးမြှင့်လိုက်ပါတယ်။

ပြည်သူလူထုဆီက အကြံပြုချက်တွေကို ပိုပြီးရယူနိုင်ဖို့ ရက်တိုးလိုက်တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေနဲ့ ကော်မတီရဲ့ လေ့လာသုံးသပ်ချက်အစီရင်ခံစာကို အရင်က ဒီဇင်ဘာလ ၃၁ရက်မတိုင်မီ တင်ပြရမယ်လို့ သတ်မှတ်ထားရာကနေ နောင်နှစ် ၂၀၁၄ ဇန်နဝါရီလ ၃၁ မတိုင်မီဆိုပြီး တစ်လသက်တမ်း တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အလားတူ ပြည်သူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်လိုတဲ့အချက်တွေကို လာမယ့် ဒီဇင်ဘာ လ ၃၁ ရက်နေ့မတိုင်ခင်အထိ ပေးပို့သွားနိုင်တယ်လို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက သတ်မှတ်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org